Part 47(U,Z)

11.8K 734 52
                                    

"​မောင် ဒီlagguageက အ​နွေးထည်​တွေ၊မာဖလာ​တွေ၊long coat​တွေ သီးသန့်ထည့်ထားတာ​​နော်
​ဦးထုပ်နဲ့ ​ခြေအိတ်၊လက်အိတ်​တွေ​ရောပဲ"

အိတ်နှစ်လုံးကိုချပြီး ပစ္စည်း​တွေစီထည့်​​ပေးသူကို နှာ​ခေါင်းရှုံ့ပြရင်း ရင်ခွင်ထဲ​ခေါင်း​ဝှေ့ရင်း ​ လှဲအိပ်ချမိသည်။
မခွဲခင်က ကြိုလွမ်း​နေရတဲ့အဖြစ်​မျိုး​တွေဟာ နှစ်​တွေကြာပြီးတာ​တောင် မပြီးဆုံးနိုင်​သေးတာဟာလည်း ကံတရားကိုပဲ အပြစ်ဆိုချင်စရာပါပဲ။

"​ကိုကိုနဲ့သားနဲ့ လိုက်ခဲ့လို့ရရင် ​ကောင်းမှာကိုဗျာ
​မောင်​တော့ လွမ်း​​နေရ​တော့မှာပဲ ​​မောင့်အသည်းအသက်​တွေကို"

"​ဟို​ရောက်ရင် သ​ဘောတူစာချုပ် ချုပ်နိုင်ဖို့ ကြိုးစားရတာနဲ့ ​မောင် လွမ်းချိန်​တောင် ရမှာမဟုတ်ပါဘူး
တစ်ပါတ်ထဲပါ ​မောင်ရဲ့၊တစ်ပါတ်ဆိုတာ ခဏ​လေးပါ မဟုတ်ဘူးလား"

​​ခေါင်း​လျှော်ပြီးစ ဖွာကျ​နေတဲ့ ဆံနွယ်​တွေကို လက်နဲ့သပ်​ပေးရင်း နှစ်သိမ့်​တော့ လူကို ​ပေ​စောင်း​စောင်းနဲ့ ကြည့်လာတဲ့​မောင်
လူနား​ရောက်ရင် ​ကြောင်တစ်​ကောင်လို ဂျီကျချွဲတတ်သူဟာ ကျွန်​တော်နဲ့ဆိုရင် ဘယ်​တော့မှ ရင့်ကျက်လာမယ့်ပုံမရှိ

"​ဒေါက်တာလင်းထင်​ရောင်က​နော် ​​​ယောက်ျားခရီးသွားမှာကို လွမ်း​နေမယ် ဘာညာမရှိဘူး၊တစ်ပါတ်က ခဏ​လေးပါလာလုပ်​နေတယ်
​မောင့်အတွက်​တော့ ​မောင့်အသက်နဲ့​ဝေး​နေရရင် ၇ရက်ကလည်း ၇ကမ္ဘာ​လောက် ကြာသွားနိုင်တာပဲဆိုတာ မသိဘူးလားလို့"

"အဟွန်း...သိပါတယ်​မောင်ရာ သိပါတယ်
ငါကလည်း ​မောင်စိတ်မညစ်​​နေရ​အောင် ​ဖြေသိမ့်တာ​ပေါ့
​မလွမ်း​နေဘဲ ရှိပါ့မလား ​ပြော"

​အသစ်စတင်မယ့် ​ရေနံလုပ်ငန်းအတွက် တစ်ဖက်ကုမ္ပဏီနဲ့ သ​ဘောတူစာချုပ် ချုပ်နိုင်ဖို့၊ပြိုင်ဖက်ကုမ္ပဏီ​တွေကို ​​ကျော်လွန်ပြီး ကိုယ့်ကို​ရွေးချယ်ဖို့အ​ရေး အ​ရေးတကြီး လုပ်ငန်းကိစ္စ​​ပြောဆိုဖို့ ပြင်သစ်ကို တစ်ပါတ်ခန့် သွားရမည့်သူသည် ​​လော​​လောဆယ်​တော့ ​အားကိုးအားထားစရာ ဒုဥက္ကဌရဲ့ပုံရိပ်​တွေ​ ​ပျောက်ဆုံးပြီး သခင်းနားတိုး​ဝှေ့ရင်း အီ​နေတဲ့ ​​ရွှေဝါ​ရောင်​ကြောင်​လေးတစ်​ကောင် ဖြစ်လို့​နေပါတယ်။
၂နှစ်ခွဲ​ကျော်လာပြီး တစ်ပါတ်တစ်ရက် မူကြိုသွား​နေပြီဖြစ်တဲ့ သား​ဘေ​ဘေး​တောင် ​မောင့်ထက်ပိုပြီး လူကြီးဆန်ပါဦးမည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now