Part24(U,Z)

15.1K 1K 124
                                    

​​ဒေါသစိတ်တို့ဟာ တ​မြေ့​မြေ့​လောင်ကျွမ်း​နေတဲ့ ဖွဲမီးအသွင်ရှိပြီး အချိန်ကြာ​လေ ပိုဆိုးလာ​လေဖြစ်သည်။
လူကိုဆို အမြဲ ရက်စက်တတ်သူဟာ ဒီတစ်ခါမှာလည်း စကားနဲ့ရက်စက်သလို၊လက်ပါဖို့ မတွန့်ဆုတ်ခဲ့ပြန်။
ကိုယ့်နှုတ်ခမ်းဟာ သူထိုးကြိတ်ဖို့များ ဘုရားကထည့်​ပေးလိုက်​လေသလား ထင်ရ​လောက်​အောင်ကို ခဏခဏအထိုးခံ​​နေရတာဟာ ​တွေး​လေ ရင်နာရ​လေပဲ။

ဘားကပြန်လာတဲ့အချိန်မှာ အတတ်နိုင်ဆုံး စိတ်ကို​လျှော့လာခဲ့တာဟာ ကိုကိုနဲ့ကိုယ့်ကြားမှာ ဘယ်လိုပြသနာအဖုအထစ်မျိုးမှ မရှိ​စေချင်လို့။ကိုကို နိုင်ငံခြားသွားရင်​တောင် လိုက်ပို့ဖို့၊အမြဲလိုက်​တွေ့ရမယ့် အခွင့်အ​ရေးရဖို့​တွေအထိ ကြိုတင်ကြံစည်​နေခဲ့တာ​တွေဟာ အမုန်းဆုံးသူနဲ့ ကိုကို့ကို တွဲလျက်မြင်လိုက်ရတဲ့​နောက်မှာ​တော့အားလုံးဟာ သဲထဲ​ရေသွန်ဖြစ်ခဲ့ရတာပဲ။

ဒီ​ကောင်နဲ့ပတ်သက်တိုင်း အမြဲသည်းမခံနိုင်တဲ့ ကိုယ့်စိတ်ကို သိရဲ့သားနဲ့ ဒီ​ကောင့်​ရှေ့မှာ လူကို ​အော်တဲ့ကိုကို
ကိုယ့်ကား​ပေါ်လိုက်ဖို့ဆို အမြဲငြင်းဆန်တတ်ပြီး ဟို​ကောင့်ကား​နဲ့ကျ​တော့ ​အတူတူပြန်လာတဲ့ ကိုကို
ဒီ​ကောင်သဝန်တိုမှန်း သိလျက်နဲ့​တောင့် ​ပြေရာ​ပြေ​ကြောင်းမ​ပြော၊အဲ့ဒီ​​ကောင်နဲ့ ပတ်သက်တိုင်း လူကို အမြဲဆူပူချင်​နေတာက ​တွေးမိ​လေ ​ရင်နာရ​လေ။
တစိမ့်စိမ့်​တွေးတိုင်း ​ဒေါသမီးဟာ တဟုန်းဟုန်း​တောက်​နေတာက ငြိမ်းနိုင်စွမ်းမရှိစွာ၊ကူရာကယ်ရာမဲ့လျက်

'မတန်ဘူးထင်ရင် မချစ်နဲ့'၊'မင်းကို ဘယ်သူကချစ်ခိုင်း​နေလို့လဲ'ဆိုတဲ့ ရန်​တွေ့သံ​တွေက နားစည်ကို အထပ်ထပ်ရိုက်ခတ်လျက်
ရင်ဘတ်တစ်ခုလုံးဟာလည်း မီးမြှိုက်ခံထားရသလိုပဲ ပူ​လောင်လွန်းလှတယ်
စိတ်ထင်ရာ​ပြောခဲ့​ပေမယ့် ထိုသူနဲ့တကယ်ပဲ ​ဝေးရ​တော့မှာလားလို့ ​တွေးမိတဲ့အခါ ရှင်သန်​နေရခြင်းကို​တောင် ဘဝင်မကျ အပြစ်မြင်ချင်လာမိသည်။
ဘဝမှာ အခက်ခဲဆုံးအရာက ထိုသူ့ဆီက ကြည်ဖြူအပ်နှင်းတဲ့ ​ချစ်ချင်း​မေတ္တာကို ရဖို့ပဲလား။​

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now