Part38(U,Z)

11.2K 756 52
                                    

အချိန်​တွေတ​ရွေ့​ရွေ့ ​ပြောင်းလာပြီး​နောက် ​ဝေး​နေကြတဲ့ရက်​ပေါင်းဟာ ၂၅၀ရက်ကို​ကျော်လို့လာ​လေပြီ။
မသွားခင်က စိတ်ကူးခဲ့​သော၊​ပြောခဲ့မိ​​သော လွမ်းတိုင်း​ပြေးလာမည်တို့၊တစ်ပါတ်တစ်ခါ၊တစ်လတစ်ခါ လာ​တွေ့မည်တို့သည် လက်​တွေ့တွင်​တော့ ​စိတ်ကူးထဲက​လောက် မလွယ်ကူနိုင်​ကြောင်း ကြာ​လေပိုသိလာရ​လေပင်။
စီးပွား​ရေး​လောကထဲကို ​ခြေဇုန်ပစ်ဝင်ရတဲ့​နောက် တာဝန်ယူရမှု၊သိတတ်ရမှု​တွေသည် အလိုလိုကပ်ပါလာတာမျိုးပင် ဖြစ်သည်။
ယူထားတဲ့​နေရာနဲ့ကိုက်ညီသည့် အလုပ်ကြိုးစားမှု၊အာရုံစူးစိုက်မှုမျိုးကို ထည့်သွင်းရသည်။
ဒီလိုနဲ့ပင် အွန်လိုင်းဆက်သွယ်မှုအပြင် တခြား​သော​တွေ့ဆုံခြင်း အ​​ခြေအ​နေမျိုးကို တက်လှမ်းနိုင်ခြင်းမရှိခဲ့​ပေ။

​ပြောခဲ့သလို သွားမ​တွေ့နိုင်ခြင်းဟာ ကျ​နော်တင်မဟုတ်၊ ဘွဲ့ယူချိန်ပြန်လာပါမည်ဆိုသူသည်လည်း ထိုစကားကို တည်နိုင်ခြင်းမရှိခဲ့​ပေ။
အ​ကြောင်းမှာ ကျ​နော်ဘွဲ့ယူမည်အချိန်နှင့် ကိုကို့ရဲ့ စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်​နေရချိန်သည် ကံဆိုးစွာတိုက်ဆိုင်​နေခဲ့​သော​ကြောင့်ပင် ဖြစ်သည်။အတူရှိချင်တဲ့အချိန်မှာ အတူရှိခွင့်မရတဲ့အခါ စိတ်ဆိုးချင်​ပေမယ့် တိုက်ဆိုင်​နေ​သော ကံတရားကို အပြစ်ဖွဲ့ရုံအပြင် ဘာမှတတ်နိုင်ခြင်းမရှိ။
အမှတ်တရတစ်ခုကို ​ပြောရရင်​တော့ ကိုကိုမလာနိုင်လို့ ဘွဲ့မယူချင်​တော့ဘူး ဖြစ်​နေတဲ့ကျ​နော့်​နောက်ကို ကိုယ်တိုင်အ​ဝေး​ရောက်အဖြစ် ဘွဲ့ယူတဲ့ ​ကောင်းဆက်လျှံက အ​ဖော်လိုက်​ပေးခဲ့တာပင် ဖြစ်သည်။​​တစ်ရက်မှာ ၂၄နာရီအပြင် အပို​ဆောင်းပြီး လွမ်းနာကျ​နေတတ်တဲ့ ​ကောင်းဆက်လျှံက ထိုသို့လည်း သူငယ်ချင်းအ​ပေါ် အလိုလိုက်တတ်ပါ​သေးသည်။

'ဒီဒီ..ဒီ'
အလုပ်စားပွဲမှာ ထိုင်ရင်း ​တောင်​တောင်အီအီ​​တွေး​နေတုန်းမှာပဲ ကြားလိုက်ရတဲ့ဖုန်းရဲ့ တုန်ခါသံ
​ခေါ်ဆိုသူက အသက်ရှည်ဦးမည့်​ကောင်းဆက်လျှံ၊အလုပ်ကိစ္စနဲ့ မန္တ​လေး​ရောက်​နေတဲ့​ကောင်က ဘာ​တွေ​ပြောဦးမို့ ဖုန်း​ခေါ်တာလဲမသိ

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now