Part19(U,Z)

12.1K 1K 110
                                    

​ဘော်ဒါမှာ စာသင်ပြီးချိန်သည် ည​၈နာရီခန့်ဖြစ်သည်။
အရင်လို ​​နေရာအနှံ့လိုက်မသင်ဖြစ်၊ဂိုက်မလုပ်ဖြစ်​တော့​ပေမယ့် အရင်းနှီးဆုံးဆရာနှစ်​ယောက်ရဲ့ ကျူရှင်​နှစ်ခုမှာ​တော့ အင်္ဂလိပ်စာသင်​ပေးဖြစ်ပါ​သေးတယ်။ကိုယ်​နေတဲ့လမ်းနဲ့ တစ်လမ်း​​ကျော်မို့ ​​အေး​အေး​ဆေး​ဆေး လမ်း​လျှောက်ပြီးသား ပြန်လာဖြစ်​တော့တယ်။၈နာရီဆိုတာ လူငယ်​တွေ ​ပျော်​လို့ပါးလို့​ကောင်းချိန်မို့ လမ်းဟာ လူပြတ်သည်မရှိ။လမ်း​ဘေးဆိုင်တိုင်းဟာ လူအပြည့်နဲ့ ဖြစ်​နေသလို၊ဖြတ်သန်းသွားလာ​နေသူ​တွေဟာလည်း တလှုပ်လှုပ်နဲ့မို့ သက်ဝင်ပန်းချီကားတစ်ချပ်လိုပင်။

ဖြည်းဖြည်းမှန်မှန်​လျှောက်​နေ​သော ​ခြေလှမ်းတို့ဟာ တိုက်​ရှေ့အ​ရောက် ​​သော့ပိတ်ထားတဲ့ လှေခါးတံခါးနားမှာ ငုတ်တုပ်ထိုင်​နေသူ​ကြောင့် အံ့အားတသင့်နဲ့ ရပ်တန့်သွားရတယ်။
​ခေါင်းငုံ့လျက် ဖုန်းကိုကြည့်​နေသူဟာ ​ရပ်သွားတဲ့​ခြေအစုံ​ကြောင့်ထင် ​ခေါင်းကို​မော့လို့ကြည့်လာရင်း

"အား ကိုကို​ရောက်လာပြီပဲ...​တော်​သေးတယ်
ဒီနားက ခြင်​တွေတအားကိုက်တာ၊​ကြည့်ဦး ဒီမယ် လက်​​မောင်း​​တွေပါ ရဲ​နေပြီ သူတို့ကိုက်ထားကြတာ"

လက်ပြတ်အင်္ကျီဝတ်ထားသူက သူ့လက်​မောင်းကို ထိုးပြ​ရင်း ​တိုင်​တော​နေပုံက ဘာပြသနာမှမဖြစ်ထားတဲ့လူ​တွေလို
မကြည်သလိုကြည့်ရင်း

"ဘာကိစ္စနဲ့ ဒီ​ရှေ့​ရောက်​နေရတာလဲ"

"ကိုကိုက မ​နေ့က ဘာမှပြန်​ပြောမသွားဘူး​လေ"

"ဘာကိုလဲ"

"​​ကျောင်း​​မွေး​နေ့ပွဲကျရင် ​မောင်သီချင်းဆိုတာ နား​ထောင်မှာလားဆိုတာ​လေ၊ကိုကိုက ပြန်မှမ​ဖြေသွားတာ၊ဆက်သွယ်ရ​အောင်လည်း ဖုန်းနံပါတ်မသိဘူး​လေ၊အဲ့ဒါ အ​ဖြေသိချင်လို့ music clubပြီး​တော့ ဒီကိုလိုက်လာတာ
​ကျောင်းမှာ ​မေးဖို့ကျ ကိုကို့ကို ဒီ​နေ့တစ်​​နေ့လုံး မ​တွေ့ဘူး​လေ၊ main(ရန်ကုန်တက္ကသိုလ်)ဖက်ကို သွား​နေတယ်ဆို"

ကိုယ်ဘယ်သွားတယ်ကအစ ဒင်းက စုံစမ်းသိရှိ​နေပြန်ပြီ။ကိုယ်နဲ့ပတ်သက်သမျှ အကုန်သိအကုန်တတ်ဆရာကြီးလုပ်ပြီး အ​ဖေလုပ်ချင်စိတ်က ဘယ်​တော့မှ ​ပြောင်းသွားမှာမဟုတ်။
လာရတဲ့အ​ကြောင်းပြချက်ကလည်း အံ့သြစရာ၊မ​နေ့ညကအ​ဖြေကို သိချင်လို့​ဆိုပဲ
အ​တော်လည်း အချိန်​တွေပို​နေပုံ​ပေါ်တဲ့ ​စော​နွေဦးပါပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now