Part2(U&Z)

19K 1.6K 97
                                    

"ပြန်လာပြီလား ပိုး​ကောင်​လေး၊ လင်းထင်​လေး​​ရော ကားမှီလိုက်ရဲ့လား"

စက်ဘီးကို ဂို​ထောင်ထဲထည့်ခဲ့ပြီး အိမ်ထဲဝင်​တော့ ဧည့်ခန်းမှာထိုင်​နေတဲ့ မာမီက စီးကြိုလို့​မေးတယ်
သူ့လင်းထင်​လေး ကားမရမှာကို စိတ်ပူ​နေပုံပဲ

"မှီတယ် မာမီ၊သားတို့မှတ်တိုင်အ​ရောက် ကားလည်းအ​ရောက်ပဲ"

"​​သြော် ​တော်​သေးတာ​ပေါ့၊​နောက်ရက်မှ အိမ်ကကားကိုစီးဖို့ ​​​သေချာ​​လေး​ပြောပါဦးမယ်
ဒီက​လေးက မာနကလည်းသိပ်ကြီးတာ"

မာမီ့​ပေါင်​ပေါ် ​ခေါင်းအုံးအိပ်လိုက်ရင်း

"မာမီ သူကဘယ်လိုလုပ်ပြီး ​​ဂေဟာ​ရောက်လာတာလဲဟင်"

"အင်း..လင်းထင်​လေးက ​မွေးကတည်းက ​ဂေဟာကို ​ရောက်လာတာမျိုးမဟုတ်ဘူး၊သူ့အသက်၃နှစ်​ကျော်​လောက်မှာ သူ့အ​​ဖေရဲ့ စွန့်ပစ်တာခံခဲ့ရတာ"

"ဗျာ...ဘယ်လို"

"လင်းထင်​လေးရဲ့ ဇာတိက ​မော်လမြိုင်က​လေ
သူ့အ​မေဆုံးတဲ့အချိန်၊သူ့အ​ဖေက ​နောက်မိန်းမယူပြီး ထိုင်းဖက်ကို အလုပ်လုပ်သွားတာ
အဲ့ဒီမယ် သူ့ကို​ခေါ်မသွားဘဲ ​ဂေဟာမှာ လာ​ပေးခဲ့တာပဲ၊​​အဲ့ဒီမယ် ဒီက စစ်စတာကြီးတို့က ဟိုကိုအလည်​ရောက်​နေကြတဲ့အချိန်​ပေါ့
​​​ဟို​ဂေဟာကလည်း လူထပ်လက်မခံနိုင်တဲ့အချိန်ဖြစ်​​နေ​တော့ စစ်စတာကြီးတို့ကပဲ ဒီကို​ခေါ်လာခဲ့ကြတာ
ဒီ​ကောင်​လေးက သူ့အ​ဖေသူ့ကိုလာ​ပေးတဲ့အချိန်မှာ မထားခဲ့ပါနဲ့ဆိုပြီး ငိုတာမှ အလူးအလဲပဲတဲ့
ဒါ​ပေမယ့် သူ့ကိုတကယ်ထားသွားမှန်းလည်း သိ​ရော လုံးဝကို မငို​တော့ဘူးတဲ့
ငြိမ်​နေပြီး ဘယ်သူ့မှလည်း ဘာစကားမှမ​ပြော​တော့ဘူးတဲ့​လေ
စစ်စတာကြီးတို့က ဒီကို​ခေါ်လာ​တော့လည်း အသာတကြည်ပဲ လိုက်လာခဲ့တာတဲ့
မာမီနဲ့က ဒီ​ရောက်ပြီးမှ ​တွေ့တာ​လေ၊က​လေး​တွေထဲမှာ ​တော်​တော်လိမ္မာပြီး ရုပ်ရည်​လေးလည်း သန့်ပြန့်​နေ​တော့ မာမီက သတိထားမိသွားတာ။အသိရှိတဲ့အရွယ်​လေးမှာ ​ရက်ရက်စက်စက်အထားခဲ့ခံရ​တော့ သူ့စိတ်မှာ နဲနဲ​တော့ အနာတရဖြစ်သွားမှာ​ပေါ့ သားရယ်
လုပ်ချင်တာ​တွေ၊မလုပ်ချင်တာ​တွေကို ဘယ်​တော့မှ အထွန့်မတက်ဘူး၊စာဆိုလည်း တအားကြိုးစားတယ်၊​အရွယ်ကြီးလာ​တော့လည်း သူ့​အောက်အငယ်က​လေး​တွေကို ကူထိန်း​ပေးတယ်၊
၁၀တန်းပြီး​တာနဲ့ ဂိုက်လုပ်ရင်း သူ့ဝင်​ငွေသူရှာ​တော့တာပဲ၊အခု မာစတာ​ရောက်တဲ့အထိ​ပေါ့"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now