Extra5

4.1K 244 3
                                    

"21,22,23...ဟင့် ဒယ်ဒီ ဆိုပြီး​ရေး​ပေးလို့၊ရဘူး"

"သားကလည်း ဒါ​ရောဆို ပြန်​ရေး​နေတာ ၃ခါ​တောင်ရှိပြီ​လေ၊ဒယ်ဒီ​ညောင်း​နေပြီကွ"

"ဟင့် ရဘူး၊ရဘူး...ဒယ်ဒီကလူဆိုး၊စာလုပ်ချင်ဘူး"

"​ဟောဗျာ....ဒါ​တွေချည်းထပ်​နေပြီ​လေ၊ဒယ်ဒီ အလွတ်ရ​နေပါပြီဆို
တခြား​ပြောင်းကစားကြမယ်​လေ၊ဒိုင်နို​ဆောဇာတ်လမ်းဆင်ပြီး ​ကစားကြမလား
Storyအသစ်လုပ်မယ်ကွာ"

"No...ရဘူး ရဘူး၊စာပဲသင်မယ်....ဒယ်ဒီ စာလိုက်​ရေး"

ဇွတ်အတင်းကို စာသင်ချင်​နေတဲ့သား​ကြောင့် ​​စော​နွေဦးတစ်​ယောက် ​အော်ငိုချင်လာရသည်။
လင်းအသင်္ချေဦးက ခုတ​လော စာသင်တာကို ဓါတ်ကျ​နေသည်မှာ လူမြင်တာနဲ့ စာသင်တိုင်း​ဆော့မည်ဆိုတာချည်း ဖြစ်​​နေသည်။
မူကြိုမှာလည်း ကိန်းဂဏန်း​ရေရွတ်တာ​တွေ သင်​နေပြီဖြစ်​တော့  ၁က​နေ၁၀၀အထိကို သားက ​​ကောင်း​ကောင်းရွတ်တတ်​နေပြီဖြစ်ပြီး သူက နှုတ်က​အော်ပြီး ကျွန်​တော်တို့က ​နောက်ကလိုက်​ရေးတာကို စာသင်သည်ဟုမှတ်ယူပြီး ထစ်ခနဲဆို စာသင်တိုင်းကစားမယ် ​အော်​နေ​တော့တာဟာ တားမရဆီးမရ၊အာရုံလွှဲမရကို ဖြစ်​နေပါပြီ။
သားကို ဒီ​လောက်စာကိုစိတ်ဝင်စားမယ်​တောင် မထင်ခဲ့တာဟာ ခု​တော့ အ​ဖေတူသား၊စာဂျပိုး​လေး ဖြစ်လာမယ်ထင်ပါရဲ့။

ဒီ​နေ့က ပိတ်ရက်ဆို​ပေမယ့် စာတမ်းပြုစု​နေရတဲ့ ကိုကိုက သူ့စာနဲ့သူမအားတာမို့ ကျွန်​တော်ကပဲ သားကိုထိန်းဖို့ဖြစ်လာခဲ့ပြီး ကိုကို စာကြည့်မပျက်ရ​အောင် သားအခန်းထဲမှာပဲ ကစား​နေကြတာပါ။ကိုကိုက​တော့ မနက်စာစားပြီးကတည်းက စာကြည့်ခန်းထဲဝင်သွားတာ ခုထိပြန်မထွက်လာ​သေး။

"ဒယ်ဒီ့ ​ရေးလို့၊ဆိုလည်းဆို"

1က​နေ100အထိ ဆိုလိုက်၊​ရေးလိုက်လုပ်​နေရတာဟာ ​ဒီတစ်မနက်ထဲတင် ၃ကြိမ်ဖြစ်​နေပြီမို့ လူလည်း အ​တော်ဘူ​နေရပါပြီ။
စာလုပ်ရတာမကြိုက်တဲ့သူကိုမှ အ​ဖေတင်မဟုတ်၊သားကပါ စာသင်ဖို့ကြိုးစား​နေ​တော့ ရယ်ရခက်ငိုရခက်။

"ကဲကွာ....ဒီ​လောက်​တောင် ​ရေး​​စေချင်လည်း ​ရေးမယ်ကွာ
မင်းပဲဆိုနိုင်မလား၊ငါပဲလိုက်​ရေးနိုင်မလား ကြည့်ကြ​သေးတာ​ပေါ့"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now