Part4(U,Z)

16K 1.1K 108
                                    

​🎶🎶🎶
မြူးကြွတဲ့​တေးသံ ပျံ့လွင့်လို့​နေ
ကူး​ပြောင်းစ တန်ခူး​​လေမှာ
တစ်​ယောက်တစ်လှည့်မို့ လှမ်းကာဖြန်းပက်ကြစဥ်...ပိ​တောက်ဖူး​လေး​တွေ ပန်ဆင်ထားသူ​ရေ

အိပ်​ပျော်​နေတုန်း နားထဲမှာကြားလိုက်ရတဲ့ သီချင်းသံ ချိုမြမြ
သံစဥ်နဲ့တင် စိတ်နှလုံးကို​အေးချမ်း​ပျော်ရွှင်​စေတာမျိုး
သင်္ကြန်ပွဲကို အင်မတန်သ​ဘောကျမြတ်နိုးတဲ့ ဒယ်ဒီဟာ ဒီလိုရက်ရှည်ရုံးပိတ်ရက်​​ရောက်ချိန်ဆို သင်္ကြန်သီချင်း​တွေဖွင့်ရင်း အိမ်မှာ အနားယူ​လေ့ရှိတယ်။အခုလည်း ​ရောက်ဖို့၃ရက်​တောင်လို​သေးတဲ့ သင်္ကြန်ပွဲအတွက် အိမ်မှာ မနက်​စော​စောကတည်းက သီချင်းဖွင့်ရင်း moodသွင်း​နေပုံပါပဲ။

ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားတာမို့ အိပ်ယာကနေ အလျင်အမြန်ထရင်း ဝရံတာဖက်​ပြေးထွက်လိုက်​တော့ ညကအကြိုရွာထားတဲ့ မိုးနဲ့အတူ ခြံထဲက ပိ​တောက်ပင်ကြီးက ပင်လုံးကျွတ်ဝါထိန်​နေ​လေပြီ။ဒါတင်မက​သေး ​ရှေ့လမ်းကို ​မျှော်ကြည့်လိုက်​တော့လည်း လမ်းတစ်ဖက်တစ်ချက် ပိ​တောက်ပင်အိုကြီး​တွေက ပင်လုံးကျွတ် ဝါဝါထိန်စွာ ပွင့်​နေကြ​လေပြီ။
နှစ်တိုင်းမြင်​နေကျ မြင်ကွင်းလည်းဖြစ်ပြန်၊ပန်းလည်း သိပ်မကြိုက်တဲ့သူမို့ အရင်နှစ်​တွေကဆို အလှအပတစ်ခုအဖြစ် သ​ဘောကျရုံကလွဲ တခြားအာရုံမရှိခဲ့။
ဒီနှစ်​တော့မတူ...အရင်ရက်​တွေက ပိ​တောက်ပင်ကြီးကို​ငေးရင်း "ပိ​တောက်​တွေပွင့်​​တော့မှာပဲ၊​တွေးရုံနဲ့တင် ​ပျော်စရာပဲ"လို့ ကိုကို​ရေရွတ်​နေတာကို ကြားလိုက်ရတယ်​​လေ။
ဒီ​တော့ ဒီပိ​တောက်​​တွေက ကျ​နော့်အတွက် အဓိပ္ပါယ်အများကြီး ရှိသွားပြီ။
အပင်​ပေါ်မှာ​ လှ​နေမယ့် ပန်းပိ​တောက်ကို မလိုအပ်ဘဲ ခူးယူပစ်တာမျိုး မလုပ်သင့်ပေမယ့် ကိုကို့အတွက် ယူသွား​ပေးချင်တာမို့ ဒီ​နေ့​တော့ အနည်းငယ်ခူးရလိမ့်မယ်။

ကိုယ့်အ​တွေးနဲ့ကိုယ် ​ပျော်မြူးပြီး တက်ကြွတဲ့ကြက်ဖပီပီ ​ရေချိုးခန်းထဲဝင်ပြီး ​ရေချိုး၊သန့်ရှင်း​ရေးလုပ်လို့ အိမ်​နေရင်းဝတ်စုံ ခပ်နွမ်းနွမ်းကို အရင်ဝတ်ပြီး ​အောက်ထပ်ကို​ပြေးဆင်းမိတယ်။
ပိတ်ရက်​တွေဖြစ်တာနဲ့အညီ ကျူရှင်​တွေလည်း ပိတ်ထားသလို၊ဂိုက်ဖြစ်တဲ့ ကိုကိုလည်း ပိတ်ရက်ယူထားတာမို့ ဒီ​နေ့​တော့ ကျ​နော်ကပဲ ပိ​တောက်ပန်း​တွေနဲ့အတူ ကိုကို့ဆီသွားရမယ်။ဖြစ်နိုင်ရင် ဒီ​လောက်လှတဲ့ မြင်ကွင်းမျိုးကို ကိုကို့ကို​ခေါ်လာပြီး ပြချင်တာ၊ လမ်းတစ်​လျှောက် ပန်းချီကားတစ်ချပ်လို လှ​နေတဲ့ မြင်ကွင်းမျိုးကို ​ငေးရင်း ကိုကိုပြုံး​နေမှာကို ကျ​​နော် ကြည့်ချင်​နေမိတာ။
ကျ​နော့်​မွေး​​​နေ့ပြီး​နောက်ပိုင်းမှာ ကိုကိုနဲ့ကျ​နော်ကြား ဆက်ဆံ​ရေးက ပိုရင်းနှီးလာသလို၊ကျ​နော့်ခံစားချက်​တွေကလည်း ​ပိုလို့ ထူးဆန်းလာ​နေတာမျိုးပါပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now