Part11(U,Z)

12.7K 1K 68
                                    

"လင်းထင်​ရေ သားရဲ့ညီ ဖျား​နေတယ်၊သား နာမည်ကို ခဏခဏ​ခေါ်​နေလို့၊အချိန်ရရင် လာခဲ့ပါဦး"ဆိုတဲ့ အန်တီသိင်္ဂီရဲ့ ဖုန်းဆက်မှု​ကြောင့် ​ဘော်ဒါမှာ သင်လက်စအတန်းကို အမြန်အပြီးသတ်ပြီး သုဝဏ္ဏကို သွားဖို့ပြင်ရတယ်။
​​နွေဦးက ​နေမ​ကောင်းဖြစ်ရင် ​ဆေးတိုက်လို့လည်းမရ၊ထိုးခိုင်းလို့လည်းမရ၊အစားလည်း ​ကျွေးမရနဲ့ ဂျီကျတတ်တဲ့သူမို့ ​နွေဦးဖျားမှာ ​ကြောက်တယ်လို့ သူတို့အိမ်ကလူကြီး​တွေ ​ပြောတာ ကြားဖူးတာမို့ အခုလည်း ဘာမှလုပ်မရဘဲ ရစ်​နေပြီထင်ပါရဲ့။
အချိန်အားဖြင့် ​​ည​နေ၃နာရီမို့ ခန့်မင်းဆီ သွားဖို့ကလည်း ၃နာရီ​လောက်သာလို​တော့တယ်၊ဟို​ရောက်ရင် ​​နွေဦးအ​ခြေအ​နေက ဘယ်လိုဖြစ်​နေမလဲမသိရ
မ​​နေ့ကမှ စသင်တာမို့ အတန်းမဖျက်ချင်​​ပေမယ့် ဒီည​​နေအတွက်​တော့ ဖျက်ရ​တော့မယ်ထင်။ဟို​ရောက်မှ အ​ခြေအ​နေကြည့်ပြီး ဆုံးဖြတ်မယ်လို့ စိတ်ကူးရင်း ​တွေ့ရာတက္ကစီကိုငှားပြီး သုဝဏ္ဏကို ထွက်လာ​တော့တယ်။

"​​ဟော...လင်းထင်​လေး ​ရောက်လာပြီလား
သား ညီ​လေး ခု​လေးတင်ပဲ ​ဒေါက်တာက ​ချော့​မော့ပြီး ​​ဆေးထိုး​ပေးခဲ့လို့ အိပ်သွားတယ်"

အိမ်ကြီးထဲဝင်ဝင်ချင်း ​လှေကားကဆင်းလာတဲ့ အန်တီသိင်္ဂီနဲ့တိုးတယ်
ကျ​နော်အိမ်​ရှေ့​ရောက်တဲ့အချိန် ထွက်သွားတဲ့ကားက ထိုဆရာဝန်ရဲ့ကားပဲ ဖြစ်ပါလိမ့်မယ်။

"​နွေဦးက ဘာဖြစ်တာလဲ အန်တီ၊​သောကြာ​နေ့ ကျွန်​​တော်လာတုန်းက​တောင် ​အ​ကောင်းကြီးပဲဆို​တော့ ကျွန်​တော်လည်း အံ့သြသွားတာ"

"မ​နေ့က ကျူရှင်မှာ​ မိုးရွာ​နေတာကို အပြင်ထွက်​ဆော့တယ် ထင်ပါတယ်
ကို​ကျော် သွားကြို​တော့ ရွှဲရွှဲစို​နေပြီတဲ့​လေ
ညက​ ​ဆေး​သောက်ပြီးမှ အိပ်ဖို့​ပြောတာကို နားမ​ထောင်ဘူး၊မနက်လည်း​ရောက်​ရော ဖျား​​နေ​ရော
တစ်ချိန်လုံး သားကို​ခေါ်​ပေးဆိုပြီး ​​ပြော​နေလို့ အန်တီလည်း ဖုန်းဆက်လိုက်ရတာ"

"ဟုတ် အန်တီ၊ သူ ​ပြောစရာရှိလို့များလားမသိဘူး...ကျွန်​တော် အ​ပေါ်ထပ်တက်သွားလိုက်မယ်ဗျ"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now