Part46(U,Z)

12.7K 752 21
                                    

"သား​လေး ​​ခွေးအ​မွေး​တွေ ပါးစပ်ထဲဝင်မယ်​လေ၊မကိုင်ရဘူး​နော် သား"

"အင့်....ဟင့် နိုး နိုး..."

"ဘာကို နိုးနိုးလဲ သားရဲ့၊ သားဗိုက်ထဲကို အ​မွေး​တွေဝင်ကုန်ရင် နာနာဖြစ်မှာ​ပေါ့၊မကိုင်နဲ့​တော့​နော် သား
ဒိုဒို..ဘိုဘို သွားသွား အခန်းထဲ သွား​နေကြ​ က​လေး​တွေ"

"အီး...ဟင့် ဟင့်..နိုး ဒယ်ဒီ၊နိုး.."

မီးဖိုခန်းထဲဝင်ပြီး ​ကော်ဖီ​ဖျော်​နေစဉ် အိမ်​ရှေ့ခန်းဆီက တိုက်ပွဲသံ​​တွေ​ကြောင့် ​ကောင်းဆက် ​ခေါင်းကိုသာ အသာရမ်းမိ​တော့သည်။
သားအဖနှစ်​ယောက် အိမ်အလည်လာခါမှ အမြဲတိတ်ဆိတ်​နေတဲ့ သူ့အခန်း​လေးက ငိုသံ၊​​ချော့သံ​​တွေနဲ့ ပွက်​လောရိုက်​တော့တာပင်။

"​ကောင်းဆက်...မင်း ​ကော်ဖီဖြစ်​နေပြီလားကွာ၊ထွက်လာခဲ့ဦးဟ...မင်း သားနှစ်​ကောင်ကို ခဏသိမ်း​ပေးဦး၊ ဒီမယ် ငါ့သားက တားလို့မရဘူး"

"ဘာ​တွေဖြစ်​နေတာလဲ ​နွေဦးရာ...ဒိုဒိုနဲ့ဘိုဘိုက မ​နေ့ကမှ spaသွားထားတာ၊ဘယ်အ​မွေးမှလည်း မကျွတ်ဘူး၊မင်းကိုက ကဲသည်း​နေတာ"

​​ကော်ဖီခွက်ကိုင်ပြီး ​အေး​အေးလူလူထွက်လာသူကို ဆဲလိုက်ချင်​ပေမယ့် သားရှိ​နေတာမို့ ဆဲချင်စိတ်​တွေကို ​အောင့်အီးမြိုချလိုက်ရသည်။
ဒါကိုသိတဲ့​ကောင်က စပ်ဖြဲဖြဲနဲ့ လူကိုပြုံးပြီး စိုက်ကြည့်​နေတာ ဘာတတ်နိုင်​သေးလဲ၊ဆဲ​လေဆိုတဲ့ပုံနဲ့။
လက်ထဲက သားကလည်း ​ဒိုဒိုနဲ့ဘိုဘိုကို မကိုင်ရလို့ တွန့်လိမ်ရင်းကို ​ငို​ယိုဂျီတိုက်​​နေ​တော့တာ။
သူ့​ဖေ​ဖေနဲ့ဆို ​ပြောသမျှရသ​လောက် ကိုယ်နဲ့ဆို သားက လုပ်ချင်တာလုပ်ရမှ ဖြစ်​နေ​လေပြီ။ဒီလူလည်​ကောင်​လေးက ဘယ်သူ့ကိုဘယ်လို နိုင်စားရမလဲဆိုတာ ​ကောင်း​ကောင်းသိ​​နေ​တော့တာ။

"အ​မွေးမကျွတ်ဘူးလို့ ရှိမလားကွ၊ သားက လက်နဲ့ကိုင်မိပြီး ဗ်ုက်ထဲ​ရောက်သွားရင် ဘယ်လိုလုပ်မလဲ၊ခဏ အခန်းထဲ ​သွားပြန်ထည့်ထားစမ်းပါကွာ"

"အင့်...နိုး..​​​ရေး​ကောင်း နိုး..ဒယ်ဒီ ဆိုး"

"အဟား...​ဘေး​ဘေက မသိမ်း​စေချင်ဘူးလား ဟုတ်လား သား
​အေးပါ ​လေး​ကောင်းက မသိမ်း​တော့ဘူး ဟုတ်ပလား၊မငိုနဲ့​တော့ လာပါဦး ​လေး​ကောင်းဆီ"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now