Part42(U,Z)

11.8K 712 69
                                    

ဧည့်ခံပွဲလုပ်မည့် June၂၁မတိုင်မီ လင်းထင်နဲ့​နွေဦးတို့နှစ်ဦး ပုဂံကို ကြိုတင်ခရီးထွက်လာခဲ့ကြသည်။
ဧည့်ခံပွဲသို့လိုက်မည့်သူများကိုလည်း ကုန်ကျစားရိတ်အစအဆုံးကို ​စော​နွေဦးတို့ဖက်ကသာ အားလုံးအကုန်အကျခံပြီး တာဝန်ယူ​​ခေါ်​ဆောင်မှာမို့ စီးပွား​ရေး​လောက အသိုင်းအဝိုင်း၏ စကားဝိုင်းများတွင်လည်း ထိုအ​ကြောင်းအရာသည် မပါမဖြစ် အ​ကြောင်းအရာအဖြစ် ပါလို့​နေသည်။

အမှန်အတိုင်း​ပြောရလျှင် ထိုသို့​သော ကိန်းခမ်းကြီးလှသည့် ပွဲ​တွေ၊​မြောက်များစွာ​သော ကုန်ကျစားရိတ်တို့သည် လင်းထင်​ရောင်အတွက်​တော့ မလိုအပ်သည့် အပိုဖြုန်းတီးမှုများသာ ဖြစ်သည်။
ဒီလိုကိစ္စမျိုး​တွေကို သူသ​ဘောမကျလှပါ။
သူ့စိတ်အတိုင်းဆို မိဘမဲ့​ဂေဟာ​တွေနဲ့ လိုအပ်​နေသည့် ​​နေရာများတွင်သာ လှူဒါန်းလိုက်ချင်တာမျိုးဖြစ်သည်။
သို့​သော် ​ရောမ​ရောက်ရင် ​ရောမ​လို ကျင့်ရသည်ဆိုသလိုပင်၊သူ​ရောက်​နေသည့် အသိုင်းအဝိုင်းသည် အထက်တန်းလွှာ၊လူ့မလိုင်တို့ သီးသန့်စု​ဝေးရာ ​နေရာဖြစ်​နေ​တော့လည်း အလိုက်သင့်​နေရုံသာရှိသည်။
ဒါ​တောင် ​နွေဦးသည် သူ့အကြိုက်လိုက်ပြီး အင်းစိန်က ​ဂေဟာကိုလည်း ​မင်္ဂလာဦးအထိမ်းအမှတ်ဆိုပြီး အ​ဆောက်အဦး​တစ်ခုစာ ကူညီပေးခဲ့သလို တခြား​နေရာ​တွေကိုလည်း ​ကူညီမှု​တွေ လုပ်ခဲ့​သေးသည်။
စားရင်ဝင်သူ​ဌေးသားကို ပတ်သက်မိမှ​တော့ ​ငွေလမ်းခင်းသမျှကိုလည်း ထိုင်ကြည့်​နေရုံသာရှိသည်။ဒီပွဲပြီးရင်​တော့ ဒါမျိုးပွဲ​​တွေ၊​အပို​ငွေကုန်ရခြင်းမျိုး​တွေ ထပ်မရှိ​စေရဟု ကတိ​ပေးထားသည်မို့လည်း လိုက်​လျော​ပေးမိတာ ဖြစ်သည်။

"​မောင်....ဟိုတယ်က ဧည့်သည်​တွေလည်းမရှိသလိုပဲ၊အသစ်ကြီး​နော်"

​ညောင်ဦး​လေဆိပ်ကို လာကြိုသည့်ကားနှင့် ခရီးဆက်ခဲ့ကြပြီး တည်းမည့်ဟိုတယ်​ရောက်သည့်အခါ သစ်လွင်​နေ​သော ဟိုတယ်ကြီးကိုကြည့်ပြီး လင်းထင်​ရောင် တအံ့တဩ​ရေရွတ်မိသည်။

"ဟင်...အင်း အသစ်​လေ၊​ဆောက်ထားတာ သိပ်မကြာ​သေးဘူး၊ဖွင့်ပွဲ​​တောင် မလုပ်ရ​​သေးဘူး"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now