Part3(U,Z)

16.9K 1.3K 57
                                    

​"ပိုး​ကောင်...အ​ပေါ်တက်လိုက်၊​အောက်ဆင်းလိုက်နဲ့ ဘာ​တွေလုပ်​နေတာလဲ"

"ဘာမှမလုပ်ပါဘူး ဒယ်ဒီရ၊ဒီတိုင်း ပျင်းလို့"

"အင်း...မနက်ဖြန် ဒယ်ဒီဘန်​ကောက်သွားမယ်၊ဘာမှာဦးမလဲ"

"ထုံးစံအတိုင်း...lego​ပေါ့ ဟဲဟဲ"

"​ဟော လုပ်ပြန်ပြီ...အရုပ်​တွေပြုတ်စားမလို့လား၊က​လေးလည်းမဟုတ်ဘဲနဲ့"

​လှေကားအဆင်းမှာ လက်ရန်းကိုမှီရင်း ဒယ်ဒီ့ကို အမှာစကား​ခြွေ​နေတုန်း၊မီးဖိုခန်းထဲကထွက်လာတဲ့ မာမီ့ရဲ့ အဖျက်စကား​ကြောင့် လူက မ​ကျေမနပ်နဲ့ ​လှေကားရင်းမှာ ​ဆောင့်​ကြောင့်ထိုင်ရင်း

"အာ မာမီကလည်း သားသ​ဘောကျတာကို၊ပြီး​တော့ legoက က​လေး​တွေမှ ​ဆော့ရတာမှမဟုတ်တာ ​နော်ဒယ်ဒီ"

"မင်းအရင်ဝယ်ထားတာ​တွေပဲ ကုန်​အောင်ဆက်ပါဦး ပိုးပိုးရယ်"

"မာမီ​နော် ပိုးပိုးလို့ မ​ခေါ်​တော့နဲ့လို့၊သားက ၁၅နှစ်ပြည့်ပြီ၊ အရွယ်​ရောက်​နေပါပြီဆို"

"ကို​ရေ...ကို့သားက အရွယ်​ရောက်​နေပြီတဲ့၊ဘယ်အရွယ်လဲ ​မေးကြည့်ဦး"

"ဟားဟား..ဟား"

"အား...မာမီ"

ဒီလိုပဲ၊နှစ်​ယောက်အတူရှိပြီဆို တက်ညီလက်ညီနဲ့ အစခံရ​တော့တာပဲ
လူကို ​လှောင်ရယ်​နေတဲ့နှစ်​ယောက်ကို မ​ကျေမနပ်ကြည့်​နေတုန်း အိမ်တံခါးပွင့်သံနဲ့အတူ မျက်လုံး​ရှေ့ ​ပေါ်လာတဲ့ အရိပ်က​လေး
အတိအကျ​ပြောရရင် မ​ကျေနပ်​ကြောင်း​တွေ​ပြောပြီး စိတ်​ကောက်ချင်​နေတဲ့ အရိပ်က​လေး
မတ်လ၂၀ရက် ကျ​နော့်​မွေး​နေ့ပါလို့ ​ပြောထားပါလျက်နဲ့ စာတမ်းကိစ္စ​တွေ​ကြောင့်ဆိုပြီး အိမ်မှာလုပ်တဲ့ပွဲလည်းမလာ
​တွေ့ရနိုးနဲ့ မာမီနဲ့အတူ ​ဂေဟာလိုက်သွားပြီး အလှူလုပ်​တော့လည်း သူမရှိ
သူ့စာတမ်းကိစ္စ​ရော၊၁၀တန်းစာ​မေးပွဲကိစ္စ​ရော​ကြောင့် ကျ​နော့်ဆီမလာ​တာလည်း ၁ပါတ်​ကျော်ပြီ​လေ။ခုပဲ ဧပရယ်လအစ​ရောက်​နေပြီ။သိပ်ကို စိမ်းကားနိုင်တဲ့ ​သွေး​အေးသတ္တဝါကိုကိုပါပဲ။
ဒီ​နေ့ လာမယ်ဆိုလို့ ဂနာမငြိမ်အမာစိန်ဖြစ်ပြီး အ​ပေါ်တက်​အောက်ဆင်းလုပ်​နေမိတာလည်း ခဏခဏ၊ဒယ်ဒီ​တောင် မျက်စိ​နောက်ပြီး ​မေးယူရတဲ့အထိပဲ​လေ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now