Extra2

4.8K 279 7
                                    

"အီး...ဒယ်ဒီက ​ဘေ​ဘေးကို ဘာလို့မ​စောင့်တာလဲ၊အီး ဒယ်ဒီလူဆိုး၊ ဒယ်ဒီ့ကို​ခေါ်​တော့ဘူး"

ပါ​ကေးခင်း​ပေါ်မှာ လူးလှိမ့်ရင်း ဝမ်းနည်းပက်လက်နဲ့ ငို​နေတဲ့ ​ဘေ​ဘေးတစ်​ယောက်ဟာ အထူလည်းမခံ၊အချီလည်းမခံနဲ့ ဆိုးချင်တိုင်းဆိုး၊ငိုချင်တိုင်းငို​နေ​တော့သည်။
​ချော့ရခက်တဲ့သားကိုကြည့်ရင်း ​က​လေးကို ​​လျှောက်​ပြော၊အိပ်မက်​တွေ​ပေးသွားတဲ့ ​စော​နွေဦးကိုသာ နားရွက်ကို ခပ်နာနာဆွဲလိမ်ချင်​တော့သည်။

ရုံးသင်္ကြန်မှာ ​​​​ရေ​တွေနဲ့​ဆော့ကြတာကို ​ပျော်သွားတဲ့သားက သူသိချင်တဲ့ သင်္ကြန်အ​ကြောင်း​မေးလာခဲ့​တော့ ကျွန်​တော်က သင်္ကြန်နဲ့ပတ်သက်တဲ့ အ​ကြောင်း​တွေ ရှင်းပြမိသည်။
ဒါကို ​ဘေးက​​နေ ငြိမ်ငြိမ်မ​နေဘဲ သင်္ကြန်ဆို မဏ္ဍပ်​တွေနဲ့၊မီးသတ်ပိုက်​တွေနဲ့ တ​နေကုန်​ရေ​​​ဆော့တာ​တွေ၊ဒယ်ဒီတို့မှာလည်း မဏ္ဍပ်ရှိတယ်၊ဘာညာနဲ့ စူးစမ်းချင်တဲ့က​လေးကို ​လျှောက်​ပြော​တော့သည်။အရင်နှစ်​တွေက နားမလည်​သေးတဲ့အရွယ်မို့ ဘာမှမသိတဲ့သားက ဒီနှစ်မှာ​တော့ သူ့ဒယ်ဒီ​ပြောတာနဲ့ မျက်လုံး​တွေအ​ရောင်​တောက်လာပြီး သူလည်း လိုက်ချင်သည်၊ဘာညာဖြစ်​တော့သည်။
ထိုကိစ္စက ထို​နေရာတင်မပြီး၊​နောက်ရက်​​တွေထိ သားက သင်္ကြန်အ​ကြောင်းကို တတွတ်တွတ်​ပြောသည်။ဒီလိုနဲ့ သားအဖတ​​တွေ စကားစပ်မိကြရင်း အကြို​နေ့မှာ မဏ္ဍပ်ဖွင့်ပွဲရှိတဲ့အ​ကြောင်းနဲ့ အဲ့​နေဆို အ​ဆို၊အက​တွေနဲ့ ဖဲကြိုးဖြတ်ဖွင့်ပွဲလုပ်တာ​တွေ၊ဒယ်ဒီက မနက်အ​စောသွားပြီး ဖဲကြိုးဖြတ်​ပေးရတာ​တွေပါ ပါလာပြီး ကိုတက်ကြွ​ပေါက်စဟာလည်း သူပါလိုက်ချင်တယ် ဖြစ်သည်။သား​ပြောသမျှ ​ခေါင်းညိတ်သူကလည်း လွယ်လွယ်ကူကူပဲ ​ခေါင်းညိတ်ပြီး ကတိ​ပေးသည်။

ဒီ​​နေ့အကြို​နေ့မနက်မှာ​တော့ ရုပ်သံ​တွေနဲ့ အင်တာဗျူးအစီအစဉ်​တွေ​ရော၊ဖွင့်ပွဲအစီအစဉ်​တွေ​ရောနဲ့ ထုံးစံအတိုင်း မနက်၇နာရီကတည်းက ​အင်းယားလမ်းကို ​မောင်က ထွက်သွား​လေသည်။
၈နာရီမှာနိုးလာပြီး အခန်းထဲဝင်လာသူက သူ့ဒယ်ဒီ သွားပြီဆိုတာလည်းသိ​ရော အထက်ပါအတိုင်း ကြူးကြူးပါ​အောင် ငို​တော့တာပင်။
​တော်ရုံမငို၊ငိုရင်လည်း ​ချော့ရခက်တဲ့သားဟာ အထိမခံ၊အကိုင်မခံနဲ့ စကား​တွေ​​ပြောရင်း ငို​​နေတာဟာ အ​တောမသတ်​တော့။
​ပြော​ပြောပြီးငို​နေတဲ့သားကိုကြည့်ပြီး ရယ်လည်းရယ်ချင်၊တစ်ကိုယ်လုံး နီရဲ​နေပြီမို့ သနားလည်းသနားနဲ့ ဒုက္ခများရတာက ကျွန်​တော်ပင်ဖြစ်သည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now