Part27(U,Z)

14.6K 860 56
                                    

"စိတ်​အေး​အေးထားပါ သားလင်းထင်ရဲ့...အားလုံးအဆင်​ပြေမယ်လို့ ဆရာဝန်ကြီး​တွေလည်း ရှင်းပြသွားတယ်​လေ ​နော်"

​ခွဲစိတ်ခန်း​ရှေ့မှာ ဂဏာမငြိမ်ဖြစ်​နေတဲ့ ကျ​နော့်ပုံက အန်တီသိင်္ဂီ​တောင် သတိထားမိပြီး ပြန်နှစ်သိမ့်​နေရတဲ့အဖြစ်။
ဒီ​နေ့ဟာ ဘန်​ကောက်က ​ဆေးရုံကြီး​တစ်ခုမှာ လိုအပ်တဲ့ခွဲစိတ်မှုလုပ်ရတဲ့​နေ့ဖြစ်ပါတယ်။
ဆရာဝန်​တွေရဲ့ရှင်းပြချက်အရ ၁လအတွင်း အ​ခြေအ​နေဟာလည်း အထိအခိုက်မရှိ ပိုမို​ကောင်းလာခဲ့တာမို့ ဒီခွဲစိတ်မှုဟာလည်း အားလုံးအ​ဆင်​ပြေပြနဲ့ ပြီးမယ်ဆိုတာသိရ​ပေမယ့် စိုးရိမ်စိတ်ကို​တော့ မတားဆီးနိုင်ခဲ့။
မ​တော်တဆဆိုတဲ့ ကြိုမမြင်နိုင်တဲ့ အ​ခြေအ​နေမျိုး​တွေကို ​​တွေးပူမိပြီးကို စိတ်ပူ​နေမိ​တော့တာပါပဲ။

"ဟုတ်ကဲ့ အန်တီသိင်္ဂီ...အဆင်​ပြေမယ်ဆိုတာသိ​ပေမယ့် လူက စိတ်ပူ​နေတာ ထိန်းမရဘူးဖြစ်​နေတယ်"

"အဟင်း...ဒါ​ပေါ့ သားရယ်...ဖြစ်တတ်ပါတယ်၊ကံတရားကိုမယုံ​တောင် သားရဲ့လူဆိုး​လေးကိုယုံပြီး စိတ်​အေး​အေးထား ဟုတ်ပလား"

ပုခုံးပြင်ကို လက်နဲ့အသာပုတ်​ပေးရင်း နှစ်သိမ့်​ပေးတဲ့ အန်တီသိင်္ဂီ၊​နွေဦးရဲ့ ​​ပေါ့ပါး​ပျော်ရွှင်တတ်တဲ့ စိတ်ထား​တွေဟာ သူ့​မေ​မေဆီက​နေ အ​မွေဆက်ခံထားပုံပါပဲ။

"ဟုတ် အန်တီသိင်္ဂီ...ကျွန်​တော် အားလုံးထက် သူ့ကိုပဲ ယုံ​နေပါ့မယ်"

"အင်း ​ကောင်းတယ်..ဒါနဲ့ လင်းထင်​လေးက တို့ကို ဘယ်​တော့မှ မာမီလို့​ခေါ်မှာလဲကွယ်
သားမက်​လောင်း​လေးက အန်တီသိင်္ဂီလို့ပဲ​ခေါ်​​နေတာက သူစိမ်းဆန်တယ် မခံစားရဘူးလား ဟမ်"

ပြုံးလျက်နဲ့ဆိုသူကို အနည်းငယ်ပူထူ​နေတဲ့ မျက်နှာနဲ့ပဲ ကြည့်ရင်း ပြုံး​နေမိတယ်။
စ​တွေ့ကတည်းက ခုချိန်ထိ မ​ပြောင်းလဲတဲ့စိတ်ရင်းနဲ့ ဆက်ဆံ​ပေးတဲ့ ဒီအမျိုးသမီးကို ကျ​နော်ကိုယ်တိုင်လည်း မိခင်တစ်​ယောက်လို ခင်တွယ်မိပါတယ်။

"​မေ​​မေလို့ ​ခေါ်လို့ရလားဗျ"

"အိုး....သိပ် ရတာ​ပေါ့၊​ကြားတာနဲ့ကို ​နွေး​ထွေးသွားတာပဲ"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now