Part49(U,Z)

12.4K 700 31
                                    

"ဒယ်ဒီ....​ရေး​ကောင်းက လာ​သေးဝူးလား"

လီဂိုအပိုင်းအစ​တွေကို Towerဖြစ်​အောင် ​ဆောက်​နေရင်း သားက​မေးလာတာမို့ နာရီကိုကြည့်ရင်း ​ခေါင်းအသာရမ်းပြမိသည်။
​​ကောင်းဆက်လျှံတစ်​ယောက် meetingပြီးရင်  လာခဲ့မယ်​ပြော​ပေမယ့် ည​နေ၆နာရီ​ရောက်တဲ့အထိ အမြီးကိုမမြင်ရ​​သေး။
လာမယ်​ပြောတဲ့​နေ့ဆို အ​စော​လာတတ်မှန်းသိတဲ့သားကလည်း တ​မျှော်​မျှော်နဲ့ ဖြစ်လို့​နေပါပြီ။

"​မောင် ​ကောင်းဆက်မလာ​သေးဘူးလား၊ညစာစားချိန်မှီမှာလား ​မေးကြည့်ပါဦး
​နောက်ကျမှာဆို သားကိုပဲ အရင်​ကျွေးထားနှင့်မလို့"

"ဟင် ရဝူး...အကုန်တူတူ​လေ၊တူတူချားမှာ"

လူကြီး​တွေနဲ့အတူတူ စကားတ​ပြော​ပြောနဲ့ စား​သောက်ချင်တာကလည်း ၃နှစ်မပြည့်တပြည့် အ​ကောင်​ပေါက်ရဲ့ လူကြီးဖြစ်ချင်စိတ်ပဲထင်ပါရဲ့
သူ့တစ်​ယောက်ထဲ က​လေးလိုဆက်ဆံပြီး ခွံ့​ကျွေးတာမျိုးဆို ကိုအသင်္ချေတို့ လုံးဝမကြိုက်
နှုတ်ခမ်းတဆူဆူ၊မျက်​မှောင်တကြုံ့ကြုံ့ဖြစ်​တော့တာပဲ။
အခုလည်း ကိုကိုက ထမင်းစားချိန်​နောက်ကျမှာစိုးလို့ အရင်​ကျွေးထားမယ် စကားစတုန်းရှိ​သေး၊တူတူချားမယ် ထ​အော်​​နေ​​လေပြီ။

"​အေးပါ သားရယ်...သား ​လေး​ကောင်းကို ဒယ်ဒီဖုန်းဆက်ပါဦးမယ်"

"ဟဲလို....​ကောင်းဆက် မ​အေ​ဘေး ခုထိမလာ​သေးဘဲ ဘာလုပ်​နေတာလဲ"

"​​နွေဦးလား...ငါ ညီသုတ"

တစ်ဖက်ကထွက်လာတဲ့ ​အသံ​ကြောင့် ​စော​နွေဦး မျက်လုံးအပြူးသားဖြစ်သွားရပြီး ဘယ်စကားကို ဘယ်လို​စပြောရမှန်းပင် ရုတ်တရက်မသိ​တော့။
ဒါဟာ ​ကောင်းဆက်အတွက် ဘယ်လို​တောင် ရူးသွပ်ချင်စရာ အခိုက်အတံ့ကြီးလဲ​လေ။

"ဟဲလို....ညီသုတ မင်း..တကယ်ကြီး မင်းလား
မင်း တကယ်ကြီးပြန်​ရောက်​နေတာလား"

"အင်း...တကယ်ကြီး ငါပြန်​ရောက်​လာပြီ၊ဒီနှစ်​တွေမှာ ညီ့ကို ​​​ဖေးမစောင့်​ရှောက်​ပေးထားလို့ ငါတကယ်​ကျေးဇူးတင်ပါတယ်"

"သွားစမ်းပါ...ငါ့သူငယ်ချင်းငါ ​​စောင့်​ရှောက်တာ၊ဘာ​ကျေးဇူးမှမလိုဘူး
မင်း ဘယ်ကဘယ်လို ပြန်​ရောက်...​နေဦး​နေဦး မ​ပြော​သေးနဲ့ဦး...ဒါ​တွေက အပြင်မှာ​တွေ့မှ ​ပြောရမှာ၊မင်းအခွက်ကြီးကိုလည်း ထိုးရဦးမှာ
ဟို​ကောင်​ရော...အခုဟို​ကောင်ဘယ်​ရောက်သွားလဲ"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Место, где живут истории. Откройте их для себя