Part9(U,Z)

12.3K 1K 48
                                    

"​စော​နွေဦး....အက်​​ဆေးကို ဒီလို​ရေးရတယ်လို့ မင်းကို ဘယ်သူကသင်ထားလို့လဲ"

​စီကာပတ်ကုံး​ရေးထားတဲ့ အက်​ဆေးကိုဖတ်ရင်း ကိုယ်က ​ဒေါသ​တွေထွက်​နေသ​လောက်၊​ကိုယ့်​ရှေ့မှာထိုင်​နေတဲ့ ​​​င​မွှေ​ကောင်က အပြစ်မလုပ်ထားသလို တုပ်တုပ်မျှပင်မလုပ်။
​ဒေါသသံပါ​နေတဲ့ ကျ​နော့်ကို​တောင် ထူးဆန်း​နေသလို ပြန်ကြည့်​နေ​သေးတယ်။

"ဘာလို့လဲ ကိုကိုရဲ့...ကိုကိုပဲ ၁၀တန်းအတွက်လည်း ကျင့်သားရ​အောင် အက်​ဆေးအ​ရေးကျင့်ထားဆို၊​မောင် ​ရေးတာ ဘာမှား​နေလို့လဲ၊သဒ္ဒါအထားအသိုမှား​နေရင် ပြင်​ပေး​လေ ကိုကိုရဲ့"

အနာဂါတ်ရည်မှန်းချက်က ၁၈နှစ်ပြည့်ရင် အိမ်​ထောင်ပြုချင်ပါတယ်ဆိုပြီး အစချီထားတဲ့ တစ်မျက်နှာစာ အက်​​ဆေး၃ပိုဒ်က လူကို လျှာထုတ်​ပြောင်ပြ​နေသလို။ဘယ်​ကျောင်းသားကများ ဒီလို​အ​​​ကြောင်းကို ​ရေးကြလို့လဲ
ကိုယ်က​တော့ သူဖြစ်ချင်တဲ့အိပ်မက်​တွေ၊ဝါသနာ​တွေကို ​​ရေးထားမယ်ထင်လို့ အားကြိုးမာန်တက် စစ်လိုက်ရတာ၊ဒင်းက အိမ်​ထောင်ပြုချင်တဲ့အ​ကြောင်းကို စာတစ်တန်၊​ပေတစ်တန်နဲ့ ​ရေးထားတယ်။

"​ဒီလို​ရေးတာ ​ကောင်သလား ​စော​နွေဦး ဟမ်၊မင်းအရွယ်​လေးက ​ခေါင်းထဲမှာ ရည်မှန်းချက်အပြည့်နဲ့၊​ကောင်းတဲ့ရည်ရွယ်ချက်​တွေနဲ့ ရှိရမှာ​လေ...၁၈နှစ်ပြည့်တာနဲ့ အိမ်​ထောင်ပြုချင်တယ်ဆိုတာ ဖြစ်သင့်တယ်လို့ မင်း ထင်​နေတာလား"

နှာဖျား​တွေပါရဲ​နေတဲ့ ကိုကိုက ကျ​​နော့်အက်​ဆေးကြည့်ပြီး အ​တော်ကို​ဒေါသထွက်​နေပုံပါပဲ
လူတစ်​ယောက်ရဲ့ ရည်မှန်းချက်က ဆရာဝန်ကြီး၊အင်ဂျင်နီယာကြီး ဖြစ်ရမယ်လို့များ ကိုကိုက တရား​သေမှတ်ထားသလားမသိ
ချစ်ရတဲ့အမျိုးသား​လေးရဲ့ အိမ်​ထောင်ဖက်​ကောင်းအဖြစ် ရှိချင်တာလည်း ဖြစ်နိုင်တာပဲဟာ။ကိုကိုဟာ စာအုပ်ကြီးအတိုင်း အ​တော်ဖြစ်ချင်​နေပုံပဲ။တကယ်ဆို နှစ်​ယောက်တစ်ဘဝ ထူ​ထောင်ချင်တဲ့ အ​ကြောင်း​တွေကို ​နှလုံးသားနဲ့ရင်းပြီး ​ရေးထားရတာ။ခု​တော့ ကိုကို​ဒေါသအိုးက ချစ်ခြင်း​​မေတ္တာ​တွေကို မခံစားမိဘဲ ​ဒေါသ​တွေချည်း ထွက်​နေ​တော့တာပဲ။
ဒါ​တောင် ဘယ်သူနဲ့လက်ထပ်ချင်ပါတယ် ဘာညာ​ရေးထားတာ မဟုတ်ဘူး၊ဒီတိုင်း အိမ်​ထောင်ပြုချင်တဲ့ အ​​ကြောင်းပဲ ​ရေးထားတာ။
ကိုလင်းထင်​ရောင်ကို လက်ထပ်ပြီး တစ်သက်လုံး အတူ​နေချင်တယ်များ ​ရေးမိရင် ထပါသတ်မလားမသိ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now