Extra6

4.3K 246 6
                                    

"Happy Birthday ​ဖေ​ဖေ
ဒီမှာ ​ဘေ​ဘေးက ​ဖေ့တွက်လက်​​ဆောင်"

မနက်အိပ်ယာနိုးတာနဲ့ အသံတစာစာနဲ့ အခန်းထဲ​ပြေးဝင်လာတဲ့ သား
လက်ထဲမှာလည်း ​ဆေး​​​​ရောင်တစ်ချို့ခြယ်ထားတဲ့ စာရွက်​လေးကို ကိုင်ထား​လေရဲ့

အ​ပြေးလာတဲ့သားကို ဆီးကြိုလို့​ပွေ့ချီလိုက်ရင်း

"Thank u ပါ​ဖေ့က​လေး​လေးရယ်
ဟာ ဒီပုံ​လေးက ​ဖေ့ပုံ​​ပေါ့​လေ ဟုတ်လား သား"

"Yes ​ဖေ
​ဖေ့​မွေး​နေ့ဆို ပုံဆွဲပြီး လက်​ဆောင်​ပေးရတယ်လို့ တီချာက​သင်​ပေးလို့၊​ဘေ​ဘေးဆွဲထားတာ"

​​​ဆေး​ရောင်တို့ ဟိုတစ်စ၊ဒီတစ်စပျံ့လွင့်​​နေတဲ့ မတ်တပ်ရပ်လျက် ပုံ​လေးနဲ့
Happy Birthdayဆိုတဲ့ စာလုံးမညီမညာ​လေး​တွေကို တစိမ့်စိမ့်ကြည့်ရင်း အ​ကျေနပ်ကြီး​ကျေနပ်ကာ ပီတိဖြစ်မှု​တွေဟာ ရင်ဘတ်ကြီးနဲ့​တောင် မဆံ့ချင်​တော့။

"​ဖေ့သားက သိပ်​တော်တာပဲဗျာ၊​ကျေးဇူး​နော် သား​လေး၊​ဖေကတအားသ​ဘောကျတယ်၊အမှတ်တရသိမ်းထားမယ် ဟုတ်ပလား
အာဘွားကွာ အာဘွား"

"ခစ်..ခစ်"

ပါး​ဖောင်း​ဖောင်း​လေးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်နမ်း​တော့ သားက သ​ဘောတကျရယ်သည်။

"​ဖေ့...ဒယ်ဒီအိပ်ပုပ်"

ခုထိ အိပ်​ပျော်​နေဆဲဖြစ်တဲ့ သူ့ဒယ်ဒီကို လက်ညှိုး​လေးထိုးလို့ ​အိပ်ပုပ်လို့ ​ပြော​နေတာပင်။
အချိန်အရ ၆နာရီခွဲ​ကျော်ရုံသာ ရှိ​သေးတာမို့ ​မောင့်ရဲ့ ပုံမှန်အိပ်ချိန်သာ ရှိ​သေးတာပါ။ပုံမှန်ရက်​တွေဆို သားကိုယ်တိုင်လည်း ဒီလိုအ​စောမနိုးတတ်၊ခုက ကျွန်​တော့်ကို ဒီပုံ​ပေးချင်​ဇောနဲ့ ပုံမှန်အိပ်ချိန်ထက်​ ၂နာရီ​လောက်​စောပြီး နိုးလာပုံရပါတယ်။

"အင်း သားဒယ်ဒီက အိပ်ပုပ်၊သား​ရော အိပ်ချင်​သေးလား၊သား ဒီ​နေ့အ​စောကြီးနိုး​နေတာပဲ"

"အိပ်​တော့ဘူး...ဒယ်ဒီ့ကိုနှိုးမယ်"

​ပြော​ပြောဆိုဆိုနဲ့ လက်ထဲကရုန်းသွားပြီး ကုတင်​ပေါ်ဖက်တွယ်တက်သွားတဲ့ ​အ​ကောင်​ပေါက်
အ​ပေါ်ပိုင်းဗလာနဲ့ အိပ်​နေတဲ့ သူ့ဒယ်ဒီ​ပေါ်မှာ ​တောက်တဲ့​လေးလို ဝပ်လျားထိုး​မှောက်ကပ်တွယ်ပြီး မျက်နှာအနှံ့ တဖျတ်ဖျတ်နမ်း​ရင်း

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now