Part33(U,Z)

12K 804 94
                                    

​"​​နွေဦး​ရေ...နည်းပြက မင်းကိုလာခဲ့ဦးတဲ့"

အတန်းထဲမှ ECရဲ့သတင်း​ပေးသံ​ကြောင့် ရှုံ့မဲ့ချင်စိတ်ကို အ​တော်​အောင့်အီးထားလိုက်ရသည်။
​ဘေးက ​ကောင်းဆက်က​တော့ အ​ကြောင်းသိ​နေသလိုနဲ့ တခစ်ခစ်ရယ်​​နေတာက ပိတ်တီးချင်စရာ။
စိတ်ညစ်ရတဲ့အ​ကြောင်းက ကျန်တာမဟုတ်၊ပထမနှစ်မှာ တက်ကြွတဲ့ကြက်ဖလုပ်ပြီး ပွဲတိုင်းနွှဲခဲ့သမျှက အခု​နောက်ဆုံးနှစ်​ရောက်သည်အထိ စီခနဲဆို ​နွေဦး​ရေဖြစ်​နေ​တော့တာ။
တစ်​ယောက်ထဲဖြစ်​နေတုန်းကသာ ဟိုစပ်စပ်ဒီစပ်စပ်ပါချင်တာ၊ကိုကိုနဲ့ ရည်းစားဖြစ်ကတည်းက ကိုကို့အနားမှာ အချိန်ပြည့်ကပ်ချင်တာကလွဲရင် ​ကျောင်းရဲ့ဘယ်ပွဲမှာမှ ပါချင်​တော့တာမျိုးမဟုတ်။
ဒါ​ပေမယ့် တင်းနစ်နဲ့​ဘက်စကတ်​ဘောကို အကျွမ်းကျင်ဆုံး ကစားတတ်တာကို သိကြပြီးကတည်းက နှစ်တိုင်း ကျ​​နော့်ကို လက်လွှတ်မခံကြ​တော့တာပဲ။​မေဂျာ ဖလားရဖို့၊ပထမရဖို့ဆိုတာ​တွေက ​ခေါင်း​ပေါ်အလိုလို​ရောက်လာတာပါပဲ။ဒါတင်မက အခုထိလည်း ပွဲတစ်ခုခုရှိလို့ လက်မှတ်​ရောင်းဆို ​​နွေဦး​ရေဆိုတာက အရင်ကြားရတာ။

"အီးစီ...အငယ်​တွေထဲမှာ အားကိုးစရာမရှိ​တော့ဘူးလားကွာ၊​နောက်နှစ်ငါမရှိရင် ဘယ်လိုလုပ်ကြမလဲ"

"​အေး...မင်းမရှိရင်​တော့ မသိဘူး၊ရှိ​​နေတုန်း​တော့ မင့်ပါဝါ​တွေပဲ သုံးရမှာပဲ ငါ့​​​ကောင်​ရေး
နည်းပြနဲ့​တွေ့ပြီးရင် ငါလည်း မင်းကို ​မေဂျာရံပုံ​​ငွေအတွက် လက်မှတ်ကူး​ရောင်းခိုင်းစရာရှိတယ် ဟဲဟဲ"

"​သြော်ကွာ...အဲ့​လောက်ဖြစ်​နေလည်း ငါ့သာ နှစ်တိုင်း king​​ပြန်​​ရွေး​နေလိုက်ပါ​တော့လား
အသစ်​တွေ​ရွေးမ​နေ​တော့နဲ့"

"ဟဲဟဲ...​ကောင်းသားပဲ၊မင်းလည်း ​ကျောင်းမှာပဲဆက်​နေ​လေ၊ဘွဲ့ယူမ​နေနဲ့ဦး"

"​နေစရာလား...ငါက ဘွဲ့ယူပြီးတာနဲ့ ​​​ယောက်ျားတန်းယူမှာကွ ဟားဟား"

"​အေးပါ...ဆရာက​တော်ရယ်၊​ပြောမိတာ မှားပါတယ်"

"Xီးကိုဆရာ​က​တော်...ငါXိုး..."

အံကြိတ်သံနဲ့ဆဲ​တော့ လျှာထုတ်ရင်း "မဟုတ်လို့လား"လို့ ​မေးတဲ့ အီးစီ​ကောင်
ကိုကိုက ဘယ်​လောက်ပဲ ဆရာဖြစ်​နေပါ​စေဦး၊ဆရာက​တော်လို့ အ​ခေါ်ခံရတာကြီးကို​တော့ ဘယ်လိုမှကို ဘဝင်မကျနိုင်
ဆရာက​တော်ဆိုတာထက် ဆရာလင်းထင်​ရောင်ရဲ့ အမျိုးသားဆိုတာက ပိုပြီးအဓိပ္ပါယ်ရှိတယ် မဟုတ်ဘူးလား​လေ။ဒါ​တွေအားလုံးရဲ့ တရားခံက ​ဟို​ကောင် ​ကောင်းဆက်လျှံပဲ။​ခွေးအိုကြီးလို ​ဖြစ်​နေတဲ့​ကောင် စိတ်ချမ်းသာပါ​စေ​တော့ဆိုပြီး အ​ခေါ်ခံရင်းက​နေ ဒင်းလုပ်လို့ တခြားသူ​တွေပါ လိုက်​ခေါ်ကုန်တာ။
​​တွေး​လေ​ဒေါသထွက်​လေနဲ့ ခုံမှထိုင်ရင်း တခွိခွိရယ်​​နေသူကို အမြင်ကတ်ကတ်နဲ့ပဲ စာအုပ်နဲ့ ​ခေါင်း​တွေပိတ်ရိုက်မိ​တော့သည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now