Part40(U,Z)

11.6K 772 63
                                    

'ကိုကို ...ကိုကို ​ဆိုပြီး​တော့ ဘယ်သူကိုချွဲရမှာလဲ
​စောင်ခြုံမလုံနိုင်​အောင် ချမ်းလွန်း​တော့ ဘယ်ရင်ခွင်ကို တိုးလို့ဝင်မလဲ..'

"​ကောင်းဆက်လျှံ....​ခွေးမသား အဲ့သီချင်းကို ခုပိတ်မှာလား မပိတ်ဘူးလား ​ငါ×ိုး​ခွေး​ကောင်"

စိတ်ရှိလက်ရှိ​​အော်ဆဲ​မိ​တော့ ကြမ်းပြင်​ပေါ်မှာ သူ့​ခွေးနှစ်​ကောင်နဲ့ ဖက်​နေရင်းက​နေ တဟားဟား​အော်ရယ်တဲ့​ကောင်
​သူများအတွဲ မ​ခေါ်နိုင်မ​ပြောနိုင်ဖြစ်​နေတာကို ဒီကျက်သတုံး​ကောင် ​​တော်​တော်အူမြူး​နေတာ

"သိပ်ချစ်မိလို့ သိပ်လွမ်းရတယ်...ထားခဲ့ရက်သူ​ရေ"

"​ကောင်းဆက်လျှံ!!"

"×ီးဖြစ်​နေတာလား....ငါ့ဘာငါ ကိုကို့ကိုသတိရလို့ဆိုတာ...မင်းကိုဆိုတာမှမဟုတ်တာ"

"မင်း​ေ×ာက်ခွက်ကြီး ဖြီး​နေတာကို အရင်ပြင်ပြီးမှ ကိုကို့ကိုသတိရလို့ဆိုတာကို ယုံ​အောင်​ပြော"

"ဟာ့...တကယ်ပါဆို၊ မင်းက ထားခဲ့ခံရလို့လား မင်းကိုဆို​နေတယ်ထင်ရ​အောင်"

"ဟိတ်​ကောင်....မင်းစကားတတ်တိုင်း ​ဝေ့ဝိုက်​ရှောင်ကွင်းမ​နေနဲ့၊ မင်းလင်ကို သတိရရင် မင်းလား ဒီသီချင်းဖွင့်ပြီး ဒီလိုဆိုနိုင်မှာ
​အိပ်ယာထဲဝင်​ခွေပြီး ကြိတ်ငို​နေတာ ငါကမသိဘူးဆို​တော့"

"ဟဲဟဲ....အခုက mood​ပြောင်း​အောင် သီချင်း​ပြောင်းပြီး ဖွင့်ကြည့်တာ​လေ"

"​​​​​တော်စမ်း....ဟိတ်​ကောင်၊ ဒါနဲ့ ကိုကိုက မင်းကို တကယ်ပဲ ငါ့အ​ကြောင်းမ​မေးဘူးလား"

"ဟ​တောင်မဟဘူး"

​ကောင်းဆက်လျှံရဲ့ ပစ်ပစ်နှစ်နှစ်တုံ့ပြန်သံ​ကြောင့် မျက်နှာကိုရှုံ့မဲ့လျက် ကြမ်းပြင်​ပေါ် ပက်လက်လှန်ချမိသည်။
ကိုကိုက ဒီတစ်ခါ အတည်​ပေါက်ကြီးကို စိတ်ဆိုး​နေ​တော့တာပဲ။ဒီကလည်း စပရိုက်လုပ်ချင်တာ​လေး ပျက်စီးသွားမှာစိုးလို့ အသည်းအသန်ပြန်မ​ချော့ဘဲ ​ရေလိုက်ငါးလိုက်​နေ​နေရသည်။

ပြသနာ​တွေရဲ့အစက ဘန်​ကောက်မှာ​တွေ့ခဲ့တဲ့ အလင်းတန်းကုမ္ပဏီက ဂ​ရေ့စ်ဆိုသူအမျိုးသမီးနဲ့ ပွဲတစ်ခုမှာ ခုံချင်းကပ်လျက် ​နေရာချ​ပေးခံရာက စသည်။
မီဒီယာများရဲ့ဖွပုံကလည်း အင်ပါယာအုပ်စုနှင့် အလင်းတန်းအုပ်စုတို့ မိသားစုချင်း ပူး​ပေါင်းကြ​တော့မည်လားဆိုတဲ့ ​ခေါင်းစဉ်များတပ်ပြီးပင် သူတို့ရဲ့ထင်မြင်ချက်များကို ​ရေးသားကြ​တော့သည်။
သုံးထားသည့်ဓါတ်ပုံများမှာလည်း ထိုအမျိုးသမီးက လူနားကပ်လျက် စကား​ပြော​နေပြီး ဘာ​ပြောမှန်းနားမလည်လို့ ကိုယ်က နားစိုက်ပြီး​ထောင်​နေပုံကို တမင်တကာရိုက်ပြီးကို တင်ကြတာပင်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now