Part16(U,Z)

11.2K 940 43
                                    

​​စော​နွေဦးရန်ဖြစ်လို့ ​ကျောင်းအုပ်ကြီးရုံးခန်းကို လာခဲ့ပါဆိုတဲ့ ဖုန်းလက်ခံရရှိမှု​ကြောင့် ​ဒေါ်သိင်္ဂီတစ်​ယောက် ​ကျောင်းကို အ​ပြေးအလွှားသွားရပြန်သည်။
ဒီရက်​တွေမှာ သားဟာ မြင်မြင်ရာ​ဒေါသထွက်၊ရန်လို​နေတဲ့ပုံ​ပေါက်​​နေတာကို သတိထားမိ​​နေတာမို့ ​​ကျောင်းမှာ ဘာ​တွေလုပ်ပစ်ပြန်ပြီလဲဆိုတဲ့ အ​တွေးက မိခင်တစ်​ယောက်အတွက် ရင်ပူ​စေတာအမှန်။
လင်းထင်ကလည်း သတ်မှတ်ရက်ထက် ​စောစီးစွာ နိုင်ငံခြားထွက်သွားတယ်လို့ ​ဂေဟာက စစ်စတာကြီး​တွေ ​ပြောစကားအရ သိရပြီး ကျန်တာဘာမှမသိရ။
ကိုယ်​တွေကို​တောင် နှုတ်မဆက်ဘဲ ထွက်သွားတာမို့ ​အဲ့​​နေ့က သားနဲ့လင်းထင်အ​ခြေအ​နေဟာ ​တော်​တော်ဆိုးသွားမှန်း သိလိုက်ပါတယ်။

ပြသနာ​တွေဖြစ်တဲ့​နေ့ကတည်းက ဖျား​နေတဲ့ သား​တော်​မောင်ဟာ ​ကျောင်းမတက်နိုင်တာ တစ်ပါတ်နီးပါး
ဒီ​​နေ့ ​ကျောင်းပြန်တက်​ရပြီး တက်တက်ချင်း တိုင်ကြားသံကြားရ​တော့တာပဲ။လင်းထင်ထွက်သွားပြီဆိုတာ သိကတည်းက ဒီ​ကောင်​လေး စိတ်တိုလွယ်၊​ဒေါသထွက်လွယ်ဖြစ်​နေတာမို့ ခုလည်း ထိုကိစ္စနဲ့ ပတ်သက်​နေ​လေသလားပါပဲလို့ ​တွေးမိ​တော့ ရင်ပူရပြန်တယ်။၁၆နှစ်ဆိုတဲ့အရွယ်က စိတ်ထင်ရာ အကုန်လုပ်တတ်ကြတဲ့၊ထိန်းရခက်တဲ့ အရွယ််​တွေပဲ​လေ။

"​ဒေါ်သိင်္ဂီတို့ကို ဒီလိုကိစ္စ​တွေနဲ့ ​ခေါ်​တွေ့ရတာ အားနာ​ပေမယ့် ​ကျောင်းစည်းကမ်း​ဆိုတာကလည်း ရှိ​သေးတယ်ဗျ
​အရင့်အရင်လူ​တွေတုန်းက အပြစ်​ပေးခဲ့ပြီး သူတို့ကျမှ လွှတ်​ပေးလိုက်တယ်ဆိုရင် ​ကျောင်းရဲ့စည်းကမ်း​တွေက ​မြောင်းထဲ​ရောက်သလိုဖြစ်​တော့မှာ
ဒါ​ကြောင့် ဒီလိုအပြစ်​ပေးရတာကို လက်ခံ​နားလည်​ပေး​စေချင်ပါတယ်"

​ဒီစာသင်နှစ်အတွက် ​​ကျောင်းကထုတ်ပယ်လိုက်သည်ဆိုတဲ့ အပြစ်က ​ကျေနပ်လက်ခံချင်စရာမဟုတ်​ပေမယ့် စုတ်ပြတ်သတ်​နေတဲ့ ခန့်မင်းမျက်နှာရယ်၊ဖူး​ယောင်​ချင်​နေတဲ့ ကိုယ့်သားရယ်ကို ကြည့်ပြီး သက်ပြင်းသာချမိ​တော့တယ်။
လူမိုက်ဆန်ထားလိုက်ကြတာများ အဖြူနဲ့အစိမ်းမှ အားမနာကြ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now