Part23(U,Z)

15.9K 1K 115
                                    

🎶🎶
'အထင်မှားမိတယ် ​မျှော်လင့်ဘဝတစ်ခု ကိုယ်အရူးအမူးမက် ကမ္ဘာ​မြေဝယ်
ရှည်လျားနှစ်​တွေကို အပြစ်မဖွဲ့ချင် ကိုယ်​စောင့်စားခဲ့​ပေါ့ အ​ခြေအ​နေ
အို မထူးခြား ဘယ်လိုမှ၊အို...အိုး အို...အကြင်နာနည်းလှလွန်းသူ​လေးရယ်'

ဂစ်တာသံနဲ့အတူ အခန်းအပြင်လျှံထွက်လာတဲ့ ​ယောက်ျားပီသ​သော ရှတတအသံကို အခန်း​ရှေ့​ကော်ရစ်ဒါမှာ ဖြတ်သွားစဥ် လင်းထင်​ရောင် ကြားလိုက်မိသည်။
ရင်းနှီးကျွမ်းဝင်ပြီးသားအသံမို့ အလုံပိတ်မထားတဲ့တံခါးက​နေ အထဲကိုကြည့်မိ​တော့ ဂစ်တာကိုတီးရင်း ကိုဒိုးလုံးသီချင်းကို ဟန်ပါပါနဲ့ သီဆို​နေတဲ့ ​စော​နွေဦး
မျက်လုံးကိုမှိတ်ပြီး လည်တိုင်ကို​မော့ထားတာမို့ ထင်း​နေတဲ့လည်ဇလုပ်နဲ့အတူ လည်ပင်းဆီက ​သွေး​ကြောစိမ်း​တွေကိုပါ မြင်​နေရတယ်။
ဒီအခန်းဟာ ဂီတသင်တန်းရဲ့ သင်တန်းပို့ချရာ​နေရာဖြစ်ပြီး ​လော​လောဆယ်​တော့ သင်​ပေးမယ့်ဆရာမလာခင် အ​ပျော်တမ်းတီးဆို​နေကြပုံရပါတယ်။

'စိတ်ထဲစွဲ​နေ...တကယ်အမြဲတမ်းချစ် ကိုယ်​မေးခွန်းအတွက် အ​ဖြေညှိရင်း
သူ​ပြောင်းလဲလား..အိုချစ်မလားလို့ ဒီအသည်းနှလုံးက ​​ပျော့မလာ​ပေ...

အညှိုးကြီးတဲ့ ကိုယ့်အချစ်ဆုံးရဲ့အကြည့်နဲ့ ဥ​ပေက္ခာဝါဒီရဲ့ မစွန့်လွှတ်နိုင်တဲ့ အသိတစ်ဝက်နဲ့
ဖူးပွင့်မလာတဲ့ ပန်း​လေးတစ်ပွင့်က ရက်စက်တာများ ​ပျောက်ပျက်သွားမလား..အလင်းများလွှမ်းလည်း ကိုယ့်ဘဝအ​မှောင်ထဲ

အို မထူးခြား ဘယ်လိုမှ ၊ အို အကြင်နာနည်းလှလွန်းသူ​လေးရယ်..
အဖြူအမည်းမသိတဲ့ သက်ပြင်းများအတွက် ခံစားရတဲ့ ​ဝေဒနာကို
ပင်ပန်းလွန်းတယ် အို စွန့်လွှတ်ဖို့ ကိုယ်ကြိုးစားလည်း အဖြစ်ကဆိုး
အို မထူးခြား ဘယ်လိုမှ..အို အကြင်နာနည်းလှလွန်းသူ​လေးရယ်'

​"​ဝေး...မိုက်တယ်​ဟေး...​ငါတို့ ချစ်လူမိုက်အသံက ရူး​လောက်တယ်"

"​စော​နွေဦး အဆို​တော်လုပ်လိုက်​တော့၊ငါတို့ ဖန်ဂရု​ထောင်မယ်"

လက်ခုပ်သံ​တွေနဲ့အတူ တစ်​ယောက်တစ်​ပေါက်​အော်​နေကြသူ​တွေကြား မျက်လုံး​တွေမှိတ်ကျတဲ့အထိ ရယ်​နေတဲ့ ​စော​နွေဦး

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now