Part29(U,Z)

14.5K 873 49
                                    

နှစ်ခြိုက်စွာအိပ်​ပျော်​နေသူကို မြတ်နိုးစွာကြည့်ရင်း ​​ပျော်ရွှင်မှု​တွေ ​ရောယှက်​နေတဲ့ ရင်ခုန်သံ​တွေဟာလည်း တရိပ်ရိပ်တိုးလို့လာတယ်။
ပင်ပန်း​သွားသူဟာ သန့်ရှင်း​ရေးလုပ်၊​ဆေး​သောက်ပြီးတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်သွား​ပေမယ့် ကိုယ့်မယ်​တော့ မအိပ်နိုင်။
သိန်းထီဆုကြီး​ပေါက်တဲ့ ခံစားချက်နဲ့ ​ခြေမကိုင်မိလက်မကိုင်မိဖြစ်​နေတာမျိုးပါပဲ။

ကိုကိုဟာ သိပ်လှပါသည်။မိန်းက​လေးဆန်ဆန် လှတာမျိုးလည်းမဟုတ်ဘဲ ​ယောက်ျားတစ်​ယောက်ရဲ့ လှခြင်းမျိုးနဲ့ အစိတ်အပိုင်းတစ်ခုစီကအစ ကိုကိုဟာ သိပ်ကိုလှပါသည်။စိမ်းညှို့ညှို့မျက်ခုံးနှစ်ခုဟာ သွယ်တန်းစွာတည်ရှိ​​နေပြီး မျက်လုံး​တွေမှိတ်ထားတဲ့အခါ မျက်​တောင်ရှည်​တွေဟာ ​အောက်မျက်ခမ်းအထိ ပိတ်လုနီးပါး။မျက်ခွံ​ပေါ်က ​သွေး​ကြောရဲရဲ​လေး​တွေက ကြည့်မိတိုင်း ဖိကပ်နမ်းပစ်ချင်စရာ။စိတ်ရှိတိုင်းအနမ်းခံထားရတဲ့ နှုတ်ခမ်း​လေးက အနည်းငယ်​ပေါက်ပြဲပြီး ​သွေး​ရောင်​​တွေအပြည့်ဖြစ်​နေတာကလည်း လှခြင်းတစ်မျိုးပါပဲ။

ညဝတ်တီရှပ်အပွကို ဝတ်ဆင်ထားတာမို့ ညှပ်ရိုးအစွန်းအစကို​လေး​တွေကို မြင်​နေရပြီး လည်တိုင်က​နေရင်ဘတ်တစ်​လျှောက်က​တော့ ကျ​​နော်​သောင်းကျန်းထားတဲ့ အမှတ်အသား​နီညို​ရောင်​တွေနဲ့ ပြည့်​နေတာမို့ မနက်နိုးလာရင်​တော့ ​သေချာ​ပေါက် အဆူခံရမှာကို ကြိုမြင်​ယောင်​နေပါတယ်။
နဖူး​လေးကို ခပ်ဖွဖွစမ်းကြည့်​တဲ့အခါ ကိုယ်ပူချိန်ဟာ ပုံမှန်ပဲမို့ အနည်းငယ်စိတ်သက်သာရာရသွားရသည်။စိတ်အားထက်သန်​နေတုန်းကသာ မိုးမမြင်​လေမမြင်၊မီးကုန်ယမ်းကုန်​သောင်းကျန်းခဲ့တာ၊ခုလိုချိန်မှာ​တော့ ပထမဆုံးအကြိမ်လည်းဖြစ်၊နာကျင်မှုကလည်း မသက်မသာဖြစ်မှာမို့ ကိုကိုတစ်​ယောက် ဖျားသွားမှာကို စိတ်အပူဆုံးပါပဲ။

"အင်း..ဟင်း"
​​ငေးကြည့်မဝဖြစ်​နေစဥ်မှာပဲ အိပ်​နေသူရဲ့ လက်တစ်ဖက်ဟာ လွတ်​နေတဲ့ အိပ်ယာတစ်ဖက်ခြမ်းကို စမ်းရင်း ညည်းညူလာတယ်။မျက်လုံးကပွင့်မလာ​ပေမယ့် မျက်ခုံး​​တွေနဲ့နဖူး​ကြောဟာ ကြုံ့လာတာက ရှာ​နေတဲ့တစ်ခုခုကို မ​တွေ့ရင် ဖြစ်သွားတတ်တဲ့ ကိုကို့ရဲ့ပုံစံပင်။
မဟုတ်မှလွဲ ကိုယ့်ကိုများ ကိုကိုရှာ​နေ​လေသလားလို့ ​တွေးမိ​တော့ အူမြူးသွားမိရင်း စမ်း​နေသူရဲ့ညာလက်ဖဝါးထဲကို ဘယ်လက်ဖဝါးထည့်​ပေးမိ​တော့ စိတ်​ကျေနပ်သလို ပြုံးသွားရင်း ငြိမ်ငြိမ်​လေး ပြန်အိပ်သွား​လေတယ်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Wo Geschichten leben. Entdecke jetzt