Part17

11.6K 976 55
                                    

"မာမီ.....သား​ကျောင်းသွားဖို့ ပြင်​နေတာ၊ ဦး​ကျော် ဟင်းလာပို့ရင်လည်း ဒီတိုင်းပဲ ​ရေခဲ​သေတ္တာထဲ ထည့်ထားလို့ ​ပြောလိုက်​နော်"

ဆံပင်ကို သပ်ရပ်​​အောင် ပြုပြင်ဖြီးသင်ရင်း ​လေလှိုင်းက​နေတဆင့် မာမီ့ကို အမှာစကားပါး​တော့ "အင်းအင်း"ဆိုတဲ့ တုံ့ပြန်သံနဲ့အတူ မာမီ့ရဲ့ သြဝါဒတချို့ကိုလည်း ပြန်နား​ထောင်ရသည်။
နှစ်နှစ်ဆိုတဲ့ အချိန်ကာလကို ​ချိုတလှည့်ခါးတလှည့် လွမ်းနာကျရင်း ကုန်ဆုံးပြီး​နောက် ဒီ​နေ့က တက္ကသိုလ်ပထမနှစ်တက်ရမယ့် အချိန်ပင်ဖြစ်သည်။
ကိုယ့်အရင်​ ၁၀တန်း​အောင်သွားကြတဲ့ သူငယ်ချင်း​တွေက နိုင်ငံခြား​ကျောင်းသွားသူ၊​ဆေး​ကျောင်းတက်သူနဲ့ မျိုးစုံ​နေ​ပေမယ့် ကျ​နော်က​တော့ မ​ပြောင်းလဲတဲ့ မူလရည်ရွယ်ချက်အတိုင်း နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဝါသနာမပါဆုံး​သော အင်္ဂလိပ်စာ​မေဂျာကို ​လျှောက်ခဲ့ပြီး တစ်​ယောက်​သောသူရဲ့ ခြေရာ​တွေထပ်​နေမယ့် တက္ကသီလာမှာ ​​ကျောင်းတက်ဖို့သာ ​ရွေးချယ်ခဲ့ခြင်း​ပေ။
၁၀တန်း​ဖြေပြီးတဲ့​နောက် ဒယ်ဒီ့ကိုဝင်ကူရင်း စ​ကော့တလန်ကို လိုက်ရဖို့ မျက်နှာချို​သွေး​ပေမယ့် ​ခေါင်းမာတဲ့ဒယ်ဒီက သူ့စကားကိုမပြင်
ပြန်လာတဲ့အထိ ဒီမှာပဲ ​စောင့်​နေရမယ်၊အလုပ်ကိစ္စ​ကြောင့်ကလွဲပြီး ဘယ်နိုင်ငံကိုမှ မသွားရဆိုပြီးသာ တစ်ချက်လွတ်အမိန့်နဲ့ ဆက်လက်ပြီး passportသိမ်းထားခဲ့ပြန်သည်။
ဒယ်ဒီ့ကို အမြင်ကတ်ကတ်နဲ့ အိမ်မှာမ​နေဘူးဆိုကာ ၈မိုင်က ဒယ်ဒီ့အပိုင်residenceတစ်ခုမှာမျက်နှာ​ပြောင်​ပြောင်နဲ့ ​နေ​နေတာ ၃လပင်ပြည့်​တော့မည်။
ကြီးပုက ဟင်းမျိုးစုံချက်ပြီး ဦး​ကျော်က ​နေ့တိုင်းမပျက်မကွက်လာပို့တာမို့ ကိုယ်တိုင်လည်း ဘာမှလုပ်စရာမလို။မီးဖိုခန်းနဲ့ကိုယ်နဲ့က ဘာမှမသက်ဆိုင်သလို ​နေခဲ့တာကို သိကြလို့လည်း ဒယ်ဒီကလွဲ အိမ်ရှိလူကုန်အကဲပိုကြတာမျိုးပင်။
ကိုယ်တိုင်ကား​မောင်းခွင့် ရကတည်းက ဦး​ကျော်ကို မ​မောင်းခိုင်း​တော့တာမို့ ကျ​နော့်​နောက် လိုက်စရာမလို​တော့တဲ့ ဦး​ကျော်ဟာ ထမင်း၊ဟင်းလာပို့ရင်းနဲ့ပဲ ကျ​နော့်​နောက်ကို လိုက်ရပြန်သည်။
အခုလည်း ထမင်းဘူး၊ဟင်းဘူး​တွေ​လာပို့ဦးမှာမို့ ​ကျောင်းသွားမယ့်အ​ကြောင်း​ပြောရင်း ထားခဲ့ဖို့ မှာ​နေရတာပါ။မဟုတ်ရင် ဦး​ကျော်ဟာ ကျ​နော့်ကို မ​တွေ့ရမချင်း ပြန်မည်မဟုတ်မှန်း ကျ​နော့်ကို သိပ်သံ​ယောဇဥ်ကြီးတဲ့ အထိန်း​တော်ကြီးအ​ကြောင်း သိနှင့်ပြီးသားဖြစ်​နေ​လေပြီ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now