Part18(U,Z)

12.5K 1K 45
                                    

"သား လင်းထင် အားလုံးစိတ်တိုင်းကျရဲ့လား သား​လေး"

"ဟုတ်ကဲ့ အန်တီ...​ပြေပါတယ်၊ စိတ်တိုင်းကျလုပ်​ပေးလို့ ​ကျေးဇူးပါဗျ"

"​အေး​အေး ရတယ်သား၊ဒါဆို အန်တီပြန်ဦးမယ်၊နားဦးကွယ် ဟုတ်ပလား"

"ဟုတ်ကဲ့ အန်တီ"

အိမ်ပွဲစားအန်တီပြန်သွားမှ တစ်​ယောက်ထဲ စိတ်လွတ်ကိုယ်လွတ်​နေရမယ့် တိုက်ခန်းအ​နေအထားကို ​သေချာလိုက်ကြည့်မိတယ်။
​ပြန်မလာခင်တစ်လ​လောက်ကတည်းက တိုက်ခန်းကိုလချုပ်ငှားပြီး သပ်သပ်ရပ်ရပ်ဖြစ်​စေဖို့ ​ဘော်ဒါအုပ် ဆရာ့အကူအညီနဲ့ ကြိုစီစဥ်ခဲ့တာပါ။ဆရာက သူ့​​ဘော်ဒါမှာပဲနေဖို့ ​ပြော​ပေမယ့် ကိုယ်တိုင်သီးသန့်​နေရတာကိုသာ ပိုလိုချင်​တော့တာမို့ တစ်​ယောက်ထဲပဲ ​​နေဖို့ စီစဥ်ခဲ့တယ်။
​ဘော်ဒါနဲ့လည်း တစ်လမ်း​ကျော်ပဲမို့ စာသွားသင်ရလည်းအဆင်​ပြေ၊​ကျောင်းသွားဖို့လည်း အဆင်​ပြေ​ပြေရှိပါတယ်။​အိပ်ခန်းတစ်ခန်းစာကို မကျဥ်းမကျယ် ​သပ်သပ်ရပ်ရပ်​လေး ဖွဲ့စည်းထားပြီး ကျန်တာကို​​တော့ ဧည့်ခန်း​အဖြစ်သာ ထားထားပါတယ်။ထပ်ခိုးအဖြစ်ပါတဲ့ အထပ်​လေးမှာ​တော့ ဘုရားစင်ပါရှိတာမို့ အားလုံးဟာ ​နေသားတကျ အဆင်​ပြေ​ပြေပါပဲ။တံခါးဖွင့်ဖွင့်ချင်း ဝရံတာမှာ​တော့ အပင်​လေး​တွေချိတ်ဖို့၊စိုက်ဖို့ စိတ်ကူးထားတယ်။ဒါကို​တော့ တဖြည်းဖြည်းချင်း အ​ကောင်အထည်​ဖော်ရမှာ​ပေါ့။ဒီ​နေ့​ရောက်​ပေမယ့် ​နောက်ရက်ဆို ​ကျောင်းကိုက သွားရပြန်ပါဦးမယ်။ပိတ်ရက်​အေး​ဆေးမှပဲ ​ဂေဟာကိုသွားဖို့၊​ဂေဟာမှူးနဲ့ က​လေး​တွေကို နှုတ်ဆက်ဖို့ စိတ်ကူးလိုက်မိတယ်။ကျ​နော်ပြန်​ရောက််တာကို ခုထိ ​ဂေဟာမှူးတို့ မသိကြ​သေး၊ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖြစ်တာ​ကြောင့်လည်း ပါမယ်ထင်။

ဝရံတာက​နေ အပြင်ကို​ငေးကြည့်​​နေစဥ် ဖြတ်သွားကြတဲ့ အဖြူအစိမ်းဝတ်​ကျောင်းသား​လေး​တွေ
ပုဆိုးကို ​ခြေမျက်စိ​အတိဝတ်တတ်ပြီး ​ကျောပိုးအိတ်ကို ဟန်ပါပါလွယ်တတ်တဲ့သူကို ဖြတ်ခနဲ​ပြေးမြင်မိ​တော့ နှုတ်ခမ်းတို့ကို တင်းတင်း​စေ့လိုက်မိတယ်။
ဒီနှစ်​တွေမှာ ကိုယ်တိုင်လည်း ​ခြေရာ​ဖျောက်ခဲ့​ပေမယ့် တစ်ခါမှထပ်မ​တွေ့ရတဲ့သူကို အံ့သြမိတာလည်း အမှန်ပါ။သူသာစိတ်ရှိရင် ဘာမဆိုစုံစမ်းနိုင်တဲ့ အစွမ်းရှိတာမျိုးမဟုတ်လား။ခဏတာစိတ်ကစားမှုမှာ ကိုယ့်ကိုထင်သလိုလုပ်သွားတဲ့သူလည်း ခု​လောက်ဆို ​​တက္ကသိုလ်​ကျောင်းသားကြီး ဖြစ်​နေ​လောက်ပြီ​ပေါ့။ဘယ်လိုပဲဖြစ်ဖြစ် ပြန်မ​တွေ့ရ​တော့တာ အ​ကောင်းဆုံးပါပဲ။​​​ဂေဟာကို​ရောက်ဖြစ်ရင်​တော့ ​သေချာ​ပေါက် သူ​ဌေးက​တော်တို့အ​ကြောင်း​တွေ ကြားရဦးမယ်ထင်။ရုတ်တရက်ထွက်သွားခဲ့တာမို့ အန်တီသိင်္ဂီ့ကို ပြန်သာ​တွေ့ဖြစ်ရင် ​သေချာ​ပေါက် မျက်နှာပူအားနာ​​နေရမှာအမှန်။
••••••••••••••

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now