Part28(U,Z)

17K 1K 88
                                    

A/N:ဒီအပိုင်းမှာ warningအနည်းငယ်​ပေးပါမယ်၊အသုံးအနှုန်းရိုင်းတာမျိုး မပါ​ပေမယ့် မဖတ်ချင်ရင် ​ဒီအပိုင်းကို ​ကျော်နိုင်ပါတယ်ဆိုတာ ကြို အသိ​ပေးပါရ​စေ

"ကိုကို....​​မောင်ပြန်လာ​တော့မယ်၊ကျူရှင်​ရှေ့​​ရောက်ရင် ဖုန်းဆက်မယ်​နော်၊ကြိုပြီးမထွက်​နေနဲ့၊ဘာဝယ်ခဲ့ရဦးမလဲ၊ဘာစားချင်​သေးလဲ"

"​​​တော်ပြီ ​ဘာမှမဝယ်ခဲ့​တော့နဲ့၊အကုန်ရှိတယ်
ကားကို ဂရုစိုက်​မောင်း​နော်၊ကား​ပေါ်​ရောက်ရင်လည်း ဖုန်းမကြည့်​တော့နဲ့​နော်၊အ​ရေးကြီး ကိစ္စမဟုတ်ရင် ဖုန်းလည်းမ​ပြောနဲ့"

"ဟုတ်ကဲ့ပါ ခင်ဗျာ....​ပြောတာ​တွေအားလုံး လိုက်နာမှတ်သားထားပါခင်ဗျ"

"​ပြောင်မ​နေစမ်းနဲ့ ​မောင်ရာ....​သေချာ​မောင်း​နော် ကြားလား"

အထပ်ထပ်မှာ​နေသူကို စိတ်​ကျေနပ်​​စေသည်အထိ ကတိအထပ်ထပ်​ပေးပြီးမှပဲ ရုံးခန်းထဲက​နေ ထွက်လာ​ရတော့တယ်။
​ကျောင်းမဖွင့်ခင်အချိန်​လေးမှာ ကိုကို့နားကပ်ရင်း အချိန်​တွေကုန်ဆုံးချင်​ပေမယ့် ဆရာ​ပေါက်စက ခွင့်မပြု။တစ်ချိန်လက်လွှဲယူရမယ့် အလုပ်​တွေကို အချိန်အားရင်းအားသလို ​လေ့လာရမှာ​ပေါ့ဆိုတဲ့ တိုက်တွန်းမှုအပြင် ဒယ်ဒီ့ကိုပါ မညှာမတာအလုပ်ခိုင်းဖို့ အကြံ​ပေးသည်အထိ ကိုလင်းထင်​ရောင်က ရက်စက်သည်။

'​ဒေါက်..​ဒေါက်'
"ဒယ်ဒီ....သား ပြန်​တော့မယ်​နော်"

မျက်နှာချင်းဆိုင်က ဒယ်ဒီ့အခန်းကိုတံခါး​ခေါက်ပြီး ပြန်​တော့မယ်လို့​ပြော​တော့ အလုပ်စားပွဲမှာထိုင်ရင်းက​နေ နာရီကို​လှမ်းကြည့်ပုံက ဘယ်အချိန်ရှိ​သေးလို့လဲလို့ ​ပြောချင်​နေဟန်

"၅နာရီကို တစ်မိနစ်​တောင်မစွန်း​စေနဲ့ ကြားလား ငါ့သား"

"​ဒါ​ပေါ့ ဒယ်ဒီရဲ့...အချိန်​တွေဆိုတာ စက္ကန့်နဲ့အမျှတန်ဖိုးရှိတာ၊ဘာဖြစ်ဖြစ် တိတိကျကျအသုံးချသင့်တာ​ပေါ့ ဟဲဟဲ"

"​ခွေး​ကောင်​​လေး...အလုပ်ရှုပ်​​နေတဲ့ ဖ​အေကိုမှ အားမနာ၊လာ​ပြောင်​နေတယ်
သွား​တော့သွား...​တော်ကြာ မင့်ကိုကို အိမ်မပြန်တတ်ဘဲ လမ်း​ပျောက်​နေဦးမယ်"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now