Part39(U,Z)

12.5K 758 80
                                    

"​​မောင် မင်းအခုထိ ငါ့ကို ​သေချာမပြုံးပြ​သေးဘူး​နော်"

ဟိုတယ်အခန်းထဲ ​ရောက်​ရောက်ချင်း လူကိုကြည့်ရင်း မ​ကျေမနပ်​ပြောလာတဲ့ ကိုကို
ကြာရင် သူက ကိုယ့်ကိုပြန်ပြီး စိတ်ဆိုးသွားမယ့်ပုံမှာရှိ​နေ​လေရဲ့။
တကယ်ဆို ကိုကိုငို​နေလို့သာ စိတ်ဆိုး​ပြေ​ပေးလိုက်ရတာ၊ခုထိ သိပ်ပြီး ​ကျေနပ်ချင်​သေးတာမဟုတ်။ဒါကို သိလို့လည်း ဆရာလင်းထင်တို့က လူကို အရိပ်တကြည့်ကြည့်နဲ့ အပိုင်ချုပ်ဖို့ ကြိုးစား​နေတာ။
အခုလည်း ​ဘေးက​နေ လက်​မောင်ကို ဆုပ်ကိုင်ပြီး မျက်နှာကို ​သေ​သေချာချာကြည့်​နေတာက ကိုယ်ပြုံးတာကို သူမြင်ချင်ပါတယ်​ပေါ့။
သိပ်ကို တတ်လည်းတတ်နိုင်တဲ့ ကိုလင်းထင်​ရောင်ပါပဲ။

"ကဲ ​ပြောပါဦး...​​မောင်ပြုံးတာက အဲ့​လောက်အ​ရေးကြီး​နေတာလား"

"​​​မောင်က ငါ့ကိုစိတ်ဆိုး​နေတဲ့အချိန်ပဲ မပြုံးတာ​​လေ၊ကျန်တဲ့အချိန် ငါ့​ရှေ့မှာ မျက်နှာတည်နဲ့​နေတာမျိုး ရှိလို့လား
ခု မျက်နှာတည်ကြီးနဲ့ဆို​တော့ စိတ်​ဆိုး​နေတုန်းပဲလို့ ငါက ထင်​နေရတာ​ပေါ့"

"လာ ဒီမှာထိုင်...ပြီးရင် ​မောင်​မေးတာ​တွေ​ဖြေ"

အခန်းထဲက ဆက်တီခုံမှာ ဝင်ထိုင်ရင်း ကိုကို့ကိုပါ တစ်ပါတည်းလက်ကိုဆွဲပြီး ထိုင်ခိုင်း​​​မိသည်။
ပုခုံးကိုဆွဲဖက်ပြီး အသားမာတချို့ရှိ​နေတဲ့ လက်ဖဝါးလှလှ​လေး​တွေနဲ့ အနာကပ်ပလာစတာကပ်ထားတဲ့ လက်​ချောင်းရှည်သွယ်သွယ်​တွေကို အသာတို့ထိရင်း

"ဒီအသားမာ​တွေ၊ဒီပလာစတာ​တွေ ကပ်ထားရတာက ဘာ​ကြောင့်လဲ ​​မောင့်ကိုအရင်​ပြော"

"ဟို အသားမာက ဆိုင်မှာ သန့်ရှင်း​ရေးကူလုပ်​ပေးတာ ရက်ဆက်သွားလို့ပါ
ပလာစတာကလည်း စားဖို​​ဆောင်မှာ ကူလုပ်​​ပေးရင်း သံပြားရှမိသွားလို့"

ရှင်းပြချက်​တွေ ကြားရ​လေ ​ပြောစကားနားမ​ထောင်သူကို ပိုစိတ်ဆိုးရ​လေ
တကယ််ဆို ဒီလိုအချိန်​တွေမှာ အဲ့ဆိုင်​တွေက ​ဘောလုံးပွဲအား​ပေးသူ​တွေနဲ့ ပြည့်​နေပြီး ဝန်ထမ်း​တွေကလည်း မနိုင်မနင်းနဲ့ အကုန်ကူကြရတာ ထုံးစံပင်။အဲ့လို အ​ရေးတကြီး ဖြစ်ရချိန်မှာ​တော့ ဘယ်​လောက်ပဲ စနစ်တကျလုပ်သူဖြစ်ပါ​စေ အနည်းနဲ့အများ​တော့ အ​သေးစား ထိခိုက်မှုရှိကြမှာပင်။ဒါ​တွေကို ကြိုသိ​နေခဲ့လို့ ကတိ​တွေ​တောင်းပြီး အတန်တန်တားတာ​တောင် ကို​ငွေခင်က ဒီလို​တွေ ခိုးလုပ်တတ်​သေးသည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now