Final Part(U,Z)

18.1K 771 86
                                    

"​ဟော ပိ​တောက်​တွေပွင့်​နေပြီ ဦး​ကျော်"

"ဟုတ်တယ် ကိုလင်း​ရေ...ညက မိုးရွာလိုက်လို့ထင်တယ်၊သင်္ကြန်​တောင် မ​ရောက်​သေးဘူး ပိ​တောက်ပွင့်​နေပြီ
ပိ​တောက်​တွေလည်း သစ္စာမရှိ​တော့ပါဘူးကွာ
​ဟော ဟိုဖက်​ထောင့်က ကံံ့​ကော်ပင်လည်း သွားကြည့်ဦး၊​ဝေပြီး​မွှေး​နေတာ ကိုလင်း​ရေ
ညက မိုးက​တော့ တို့တစ်ခြံလုံးကအပင်​တွေကို ပန်းပွင့်​အောင် လုပ်​ပေးလိုက်သလိုပဲ"

ဦး​ကျော်စကားကို ​ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံမိရင်း ဝင်းဝါ​နေတဲ့ ပိ​တောက်ပန်း​တွေကို သ​ဘောတကျ ​ငေး​​နေမိသည်။
ဒီ​နေ့က မတ်လ၂၀ရက်၊​မောင့်​မွေး​နေ့
တိုက်ဆိုင်စွာပဲ ဒီ​နေ့မှာ ​နွေဦးပိ​တောက်​တွေဟာ ပွင့်လန်းလို့​နေတယ်။
​​မောင်​ရောက်လာတဲ့ ​နွေဦးနံနက်ခင်းမှာလည်း ပန်းမျိုးစုံပွင့်ပြီး သိပ်ကိုလှ​နေခဲ့တာဟု ​မေ​မေက ​အမှတ်တရ​ပြောပြဖူးသည်။
ဒီ​နေ့လည်း တစ်ခြံလုံးပန်း​တွေပွင့်​နေ​လေပြီ။
​မွေး​​နေ့၊​မွေးရက်တစ်ထပ်တည်းကျတဲ့ ​မွေး​နေ့ရှင်က​တော့ တနင်္ဂ​နွေ​နေ့ကို ​အတိုးချအိပ်စက်​နေတာမို့ ခုထိမနိုး​သေး။​

​နွေဦးနံနက်ခင်း​တွေဟာ သိပ်ကိုလှပသည်
​နွေး​ထွေးမှု၊တက်ကြွမှု​တွေကို ခံစားရ​စေသည်။
မျက်လုံးမှိတ်ရင်း ပန်းရနံ့တို့ကို ခံစားကြည့်တဲ့အခါ စိတ်ကိုကြည်နှူး​စေသလို၊​နေခြည်​နွေး​နွေးကလည်း လုံခြုံ​နွေး​ထွေးမှုတို့ကို ​ပေးသည်။
​နွေဦးနံနက်ခင်းမှာ ​ရောက်လာတဲ့ ထိုအမျိုးသား​လေးသည်လည်း ကျွန်​တော့်တစ်ဘဝလုံးစာအတွက် ထိုသို့​သော ခံစားချက်မျိုး​တွေကိုသာ အပိုင်စားရ​စေခဲ့သည်။

"ဦး​ကျော်...ကျွန်​တော် ပိ​တောက်ပန်းနည်းနည်းနဲ့ ကံ့​ကော်ပန်းနည်းနည်း လိုချင်တယ်
ဒီ​နေ့ ​မောင့်​မွေး​​နေ့ဆို​တော့ ​နွေဦးပန်း​တွေကို ဘုရားမှာ တင်ချင်လို့"

"သိပါ့ဗျာ..သိပါ့၊ကိုလင်း နှစ်တိုင်းလုပ်​နေကျပဲဟာ..ဒီနှစ်​တော့ ကံ့​ကော်အပြင် ​စော​စောပွင့်တဲ့ ပိ​တောက်ပါ တင်လို့ရပြီ​ပေါ့"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now