Part13(U,Z)

12.3K 989 56
                                    

အချိန်ကား 2012ခုနှစ်၊ဒီဇင်ဘာလဖြစ်ပြီး တက္ကသိုလ်ဝင်တန်း​ကျောင်းသာ​တွေရဲ့ နှစ်ဝက်စာ​မေးပွဲ ​ဖြေဆိုပြီးချိန်ဖြစ်သည်။
စာ​မေးပွဲ​မေးခွန်းရဲ့ အ​ဖြေ​တွေကိုတိုက်ပြီး​နောက် စိတ်တိုင်းကျတာထက် ပိုသည်အထိ ​ဖြေနိုင်ခဲ့တဲ့ ​စော​နွေဦးကို သူ့ဆန္ဒအတိုင်း သူ​တောင်းတဲ့ လက်​ဆောင် ​ပေးရဖို့ရှိသည်။
မ​ဖြေခင်ကတည်းက ဘာသာရပ်တိုင်း ၇၅မှတ်နဲ့အထက်ရလျှင် ဒီဇင်ဘာပိတ်ရက်မှာ သူနဲ့အတူ ပုဂံကို ခရီးထွက်ရပါမည်ဟု ကတိ​တောင်း​သော ​စော​နွေဦးဟာ အခု​တော့ သူ့ဆန္ဒ​တွေ ပြည့်ဝ​တော့မှာမို့ မိုးမမြင်​လေမမြင်​ပျော်မြူး​နေ​လေပြီ။

ကိုယ့်​ကျောင်း​ဟာလည်း ဖွင့်​နေပြီမို့ ပိတ်ရက်ဖြစ်တဲ့ စ​နေ၊တနင်္ဂ​နွေနှစ်ရက်ကို အချိန်​​ပေးဖို့ ဖြစ်လာတဲ့အခါ ပြန်လာမှ အစားဝင်​ပေးပါမည်ဟု အားနာစွာပဲ ခန့်မင်းကို ​ခွင့်တိုင်ရပြန်သည်။
​စော​နွေဦးဟာပဲ ​​ပြောသမျှဖြစ်​စေဆု​တောင်းနဲ့ ပြည့်စုံ​နေ​လေသလားမသိ၊သူ့ဆန္ဒ​တွေပြည့်ဝဖို့ ကိုယ့်မှာ စာသင်တာ​တွေပါ ဖျက်​နေရ​လေပြီ။
တကယ်​တော့ ကိုယ့်ကတိနဲ့ကိုယ်မို့သာ မငြင်းနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်ကုန်ရတာပါ။ကိုယ်တိုင်လည်း စိတ်​ပြေလက်​ပျောက် ခရီးထွက်ချင်တာလည်း ပါမည်ထင်။
••••

"ဟဲလို ကိုကို....​​​မောင်တို့ လှည်းတန်းမီးပွိုင့်​ရောက်​နေပြီ"

"အင်း....ငါအဆင်သင့်ဖြစ်​နေပြီ၊အပြင်တံခါး​​ရှေ့မှာ ​ထွက်​စောင့်​နေရ​တော့မလား"

"မ​​စောင့်ပါနဲ့ ကိုကိုရဲ့...​ရောက်ရင် ​မောင် ဖုန်းဆက်မယ်၊အဲ့ကျမှ ထွက်ခဲ့​နော်၊အပြင်ထွက်မ​စောင့်နဲ့"

"​​အေးပါ၊အဲ့ဒါဆို ​ရောက်ရင် ဖုန်းဆက်လိုက်​​နော်"

ကြာလွန်းလှတဲ့ မီးပွိုင့်ဟာ ဒီ​နေ့မှ ပို၍ပင်ကြာရှည်​နေသ​ယောင်
စက္ကန့်မိနစ်​တွေများ ပိုတိုးထား​လေသလား
ကိုကိုနဲ့အတူ ခရီးသွားရဖို့ ဘယ်​လောက်​​​တောင် အကြံထုတ်၊ကြိုးစားခဲ့ရလဲ​လေ
အ​မေးအမြန်းထူမှုအရ သိရတာတစ်ခုက ကိုကိုဟာ မြန်မာလူမျိူးပီပီ ပုဂံကို သ​ဘောကျမြတ််နိုးပါသတဲ့။
ကျ​နော်ဟာလည်း ကိုကို့လက်ကိုဆွဲရင်း ပုဂံအနှံ့အမှတ်တရဖန်တီးချင်သူမို့ အစမ်းစာ​မေးပွဲမှာ allDထွက်တဲ့​ဆုအဖြစ် ​တောင်းဆိုမှုက ပုဂံကို နှစ်​ယောက်အတူတူသွားဖို့ပါပဲ။
အစပိုင်းမှာ လက်မခံချင်တဲ့ ကိုကိုဟာ သူ့ကတိစကားနဲ့သူမို့ ဘာမှမတတ်နိုင်တဲ့အခါ ကျ​နော့် သ​ဘောဖြစ်လိုက်ရတာပါပဲ။
​လေယာဥ်လက်မှတ်အစ၊တည်းဖို့​ဟော်တယ်အလယ်၊လည်ပတ်မယ့်ခရီးစဥ်အဆုံး ကြို​တွေးထားပြီး ကျ​​နော့်စိတ်တိုင်းကျ မာမီက စီစဥ်​ပေးထားတာမို့ အားလုံးက ​​ချော​မွေ့ပြီး အစီအစဥ်တကျပါပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Wo Geschichten leben. Entdecke jetzt