Extra(Happy birthday Saw Nway Oo)

3K 247 24
                                    

နွေဦးဟာ ဘယ်အရပ်မှာပဲဖြစ်ဖြစ် သာယာလှသလို နွေဦးပန်းတွေဟာလည်း ဘယ်အရပ်ဒေသမှာမဆို အလှဆုံးဖူးပွင့်ကြဟန်တူသည်။
ပန်းရောင်အဆင်းရှိသည့် တံတိုင်းမွှေးပန်း(Magnolia)တို့က ကျွန်တော်တို့တည်းခိုရာ လုံးချင်းအိမ်လေးရဲ့ ခြံစည်းရိုးတစ်လျှောက် တင့်တယ်စွာပွင့်လန်းနေရာယူနေကြလျက်ရှိသည်။ဒီတစ်အိမ်တည်းလားဆိုတော့လည်း မဟုတ်သေး၊ဒီလမ်းတစ်လမ်းလုံးမှာရှိတဲ့ အိမ်တွေတိုင်းရဲ့ ရှေ့မှာကို တံတိုင်းမွှေးပန်းတို့က အဖြူရောင်၊ပန်းရောင် စသဖြင့် ရောင်စုံရှိနေတာဖြစ်သည်။
ပန်းတွေနဲ့အလှဆင်ထားတဲ့မြို့၊စက်ဘီးတွေနဲ့အလှဆင်ထားတဲ့မြို့၊တူးမြောင်းတွေနဲ့ လှချင်တိုင်းလှနေတဲ့ ဒီမြို့လေးကို မကြိုက်တဲ့သူ ရှိနိုင်မယ်တောင်မထင်။

"အသက်ရေး...ဘယ်ရောက်နေတာလဲဗျာ"

ပန်းတွေနဲ့လှချင်တိုင်းလှနေသည့် ခြံစည်းရိုးလေးကို ငေးလို့ကောင်းနေဆဲမှာပဲ ထွက်လာသည့်အိပ်ချင်မူးတူးအသံ
'မနက်အိပ်ရာနိုးလို့မှ အသက်မျက်နှာလေးကို မတွေ့ရရင် မောင်တော့ စိတ်ကိုမကြည်ဘူး'ဆိုတဲ့ စောနွေဦးရဲ့စကားက သား ငါးနှစ်အရွယ်ရောက်တဲ့အထိ တည်မြဲနေဆဲပဲ။

"အသက်ရေ...အသက်လို့"

"မောင်ရေ ငါ ဒီမှာ၊လာပြီ လာပြီ ဘယ်လိုဖြစ်လို့ အော်နေတာလဲကွာ...သား အိပ်နေတာ နိုးသွားဦးမယ်"

"ကိုကို့သားက အိပ်နေတာသိုးလို့၊မောင့်မျက်နှာကိုတောင် ခြေထောက်နဲ့ကန်လိုက်သေး
အိပ်မက်ထဲမှာ ဘောလုံးကန်နေပြန်ပြီထင်တယ်ဗျာ"

"ဟုတ်လား...အဲဒါကြောင့် မောင် နိုးလာတာလား၊နာသွားလား ပြဦး၊ဘယ်ထိသွားလဲ"

"ဒီမေးရိုးကိုပေါ့၊ဖောင်းခနဲပဲ အိပ်ပျော်နေရင်းနဲ့ ကြယ်တွေလတွေမြင်လိုက်ရသလိုပဲ
ငရှုပ်လေးက ပြုံးတောင်ပြုံးနေလိုက်သေးဗျာ၊အိပ်မက်ထဲမှာ ဂိုးတွေသွင်းနေတာနေမှာပေါ့"

"အဟွန်း...ဥုံဖွ ဥုံဖွ"

"လက်ကလေးနဲ့မလုပ်နဲ့၊နှုတ်ခမ်းလေးနဲ့လုပ်ပေး"

မျက်နှာကြီးအတင်းထိုးပေးလာတာမို့ ရယ်နေရင်းကပဲ စိတ်ကျေနပ်အောင် နမ်းပေးလိုက်ရသည်။
ဒီလိုဆိုတော့လည်း ပြုံးနေတဲ့မောင့်မျက်နှာက magnoliaတွေနဲ့အပြိုင် ကြည့်မဝချင်စရာကောင်းလှ၏။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now