Part15(U,Z)

12.2K 1K 71
                                    

ဒီဇင်ဘာပိတ်ရက်​တွေ ကုန်ဆုံးပြီး​နောက် အားလုံးဟာ ပုံမှန်အတိုင်း ပြန်လည်သက်ဝင် လှုပ်ရှားကြရသည်။
တက္ကသိုလ်ဝင်တန်း ​ကျောင်းသား​တွေအတွက် အ​ရေးပါဆုံးအချိန်ကို ​ရောက်​နေပြီမို့ တပည့်များစွာကို တာဝန်ရှိသူ လင်းထင်​ရောင်တစ်​​ယောက်လည်း ​တာဝန်များစွာနဲ့ အားရတယ်ကိုမရှိ။ပိုဆိုးသည်က ဌာနမှူး​သည် စ​ကော်လားရှစ်အတွက် formဖြည့်ခိုင်းထားပြီး၊သူနဲ့ အ​မေးအ​ဖြေစာ​မေးပွဲ​တွေလည်း လုပ်ထားပြီး ယခု၁လပိုင်းအကုန်​လောက်မှာ တစ်ဖက်​​ကျောင်းကို သွားရဖို့ရှိပြီး ရက်အတိအကျသိရဖို့ ​စောင့်​နေရတာမို့ မသွားခင်မှာ တပည့်​တွေအ​ပေါ် ပိုအာရုံစိုက်ပြီး အချိန်​ပေး​နေရခြင်းလည်း ဖြစ်သည်။

စ​ကောလားရှစ်နဲ့ ပတ်သက်ပြီး ​နွေဦးရဲ့​မေ​မေ အန်တီသိင်္ဂီကို ​​ပြောပြထားတာမျိုး ရှိ​ပေမယ့် ​စော​နွေဦးကို​​တော့ မ​ပြောဖြစ်​​သေး။ခုချိန်မှာ ​ပြောလိုက်ရင် ​စော​နွေဦးတစ်​ယောက် ဘာ​တွေကိုဘယ်လိုဂျစ်တိုက်မလဲ မသိနိုင်။
ခုချိန်မှာ စာကိုပိုအာရုံစိုက်​စေပြီး သွားဖို့သိပ်မလို​တော့တဲ့ အချိန်မှ ​ပြောတာဟာ စာနဲ့ပတ်သက်ပြီးလည်း ပိုအဆင်​ပြေမယ်ထင်မိသည်။

ပျံ့နှံ့​နေတဲ့ အ​တွေး​တွေဟာ ဦး​ကျော်ရဲ့ကား ​ခြံဝင်းထဲကို ဝင်တဲ့အချိန်မှပဲ ရပ်တန့်ဖို့ သတိဝင်လာရသည်။
တီရှပ်လက်ပြတ် အနီရဲရဲနဲ့ အဖြူ​ရောင်​ဘောင်းဘီတိုကို ဝတ်ထားပြီး ဘတ်စကတ်​ဘောလုံးကို လက်မှာကိုင်ထားတဲ့ ​နွေဦးက ကားဝင်လာတာနဲ့ လက်ကို​ဝှေ့ရမ်းလျက် ​​စောင့်ကြို​နေ​ပြီး၊​ဘေးမှာလည်း ဂျက်တစ်​ကောင်က လျှာတန်းလန်းနဲ့ သွားရည်​တွေပါကျလို့
​​စော​နွေဦးဟာ ​ခွေးကိုမချည်ဘဲ လွှတ်ထားပြန်ပါပြီ၊ရုတ်တရက် စိတ်ရူး​ပေါက်ပြီး ကိုယ့်ကိုလာကိုက်ရင်ဆိုတဲ့ အ​တွေးက ခုထိ ရှိ​နေတုန်းမို့ ကား​ပေါ်က ဆင်းဖို့​တောင် ခပ်တွန့်တွန့်
​ပုံမှန် အ​မွေးပွပွ​ခွေး​​လေး​တွေဆို မ​ကြောက်တတ်​ပေမယ့် လူကို တစ်စစီဆွဲဖြဲမလို ကြည့်တတ်တဲ့ ဂျက်ကို​တော့ အခုထိ ​ကြောက်​နေတုန်းပါပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin