Extra7

4.5K 262 2
                                    

"မောင် သားတို့ ငြိမ်နေတယ်နော်၊ဘယ်ရောက်နေကြတာလဲ ကြည့်ဦး
အခန်းထဲကလည်း အသံမကြားပါဘူး"

နေ့လည်စာမစားကြခင် ငြိမ်လွန်းနေတဲ့ ကလေးနှစ်ယောက်ကို လင်းထင်ရောင် သတိရသွားတာမို့ ဘေးမှာထိုင်နေတဲ့မောင့်ကို ပြောတဲ့အခါ အားလုံးလည်း သတိတရဖြစ်သွားကြသည်။
ပြောစရာအကြောင်းအရာတွေက မကုန်မခမ်းနိုင်မို့ ရေပက်မဝင်အောင် စကားများနေကြတာဟာ ကလေးနှစ်ယောက် ငြိမ်ချက်သားကောင်းနေတာကိုပင် မေ့နေမိကြတဲ့အထိ။

"အယ် ဟုတ်သားပဲ၊ဘယ်ရောက်နေကြလဲမသိဘူး၊ ကိုကိုး...ကိုကိုးသားက အမွှေစိန်နော်၊လိုက်ရှာဦး"

"သူ့အိမ်မဟုတ်ရင်တော့ မမွှေလောက်ပါဘူး ငယ်ရ"

နေဇယံတစ်ယောက် ငယ်စိတ်မပူအောင် ပြောလိုက်ပေမယ့် ကိုယ့်သားအကြောင်း ကိုယ်သိတာမို့ မတ်တပ်ရပ်လျက်သားနဲ့ ဘယ်ရောက်နေလဲရှာဖို့ စဉ်းစားရသည်။

ထိုအချိန်တွင် အပြင်ဖက်က ဦးကျော်ရဲ့ အလန့်တကြားအော်သံကို သူတို့တွေအကုန်ကြားလိုက်ရသည်။

"ဟာ...ကလေးတွေ ရေမြောင်းထဲမယ် ဘာတွေလုပ်နေကြတာလဲ၊ဟာ ဒီမှာလည်း ဆပ်ပြာရည်တွေ
သား လင်းထင်ရေ လာဦးဟေ့"

ဒယ်ဒီခိုင်းထားသည့်ကိစ္စနှင့် သုဝဏ္ဏအိမ်ကို သွားနေသော ဦးကျော်တစ်ယောက် ပြန်ရောက်လာပုံပေါ်ပြီး ဘယ်လိုတုန်လှုပ်စရာ မြင်ကွင်းကိုမြင်လိုက်ရတယ်မသိ၊လူကို အော်ခေါ်နေတာမို့ အားလုံး မျက်လုံးအပြူးသားနဲ့ အကြည့်ချင်ဆုံကြရင်း တိုင်ပင်မထားပါဘဲ အပြင်ကို ပြေးထွက်မိကြတဲ့နောက်တွင်တော့ အလှမွှေးငါးတွေအတွက် သီးသန့်လုပ်ထားတဲ့ ရေမြောင်းထဲမှာ ရွှဲရွှဲစိုနေသော နှစ်ယောက်ကို တွေ့လိုက်ကြရသည်။ဝပ်လျားထိုးတွေဖြစ်ပြီး ခေါင်းတွေကအစ ရေတွေရွှဲနေကြကာ ရေတွေဝင်ပါများလို့ မျက်လုံးတွေပဲ နီနေကြပြီဖြစ်သည်။

ဘေးနားမှာလည်း ခြံထဲက ဘေစင်ပေါ်ထားသည့် လက်ဆေးဆပ်ပြာဘူးထဲက ဆပ်ပြာရည်တွေဟာ ရေပုံးထဲကို ရောက်နေပြီး အောက်ခြေမှာလည်း ဆပ်ပြာမြှုပ်တွေဖွေးနေတော့တာဟာ နှစ်ယောက်ပေါင်းပြီး ဘယ်လောက်မွှေဖို့ပြင်နေလဲဆိုတာ သိပ်စဉ်းစားနေစရာတောင် မလိုပေ။
တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတဲ့နှစ်ယောက်ကို ရေထဲကနေ ဆွဲချီကြရင်း

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now