Warning

1.6K 46 21
                                    

စစချင်း waringမိ​လို့ လန့်သွားကြတာလား။ တကယ်တော့ Violence alertပါ။😛

ရိပ်ကိုကျောင်းသားficလေးရေးပေးပါလို့ ပြောလာတဲ့သူတွေရှိလို့ အေးအေးလူလူ ကျောင်းသားဇာတ်လမ်းငြိမ်ငြိမ်လေးတစ်ခုရေးဖို့ တွေးထားပေမဲ့ မိရိပ်တစ်ယောက် ဖင်မငြိမ်နိုင်ဘဲ လုပ်ချလိုက်တာမို့လို့ ဒီficထဲမှာ အထက်တန်းကျောင်းသားအချင်းချင်း Bullyလုပ်တာတွေပါလာပါတယ်။ အဲ့ဒီအပြင် အသက်မပြည့်သေးတဲ့ကလေးတွေ ဆဲတာတွေရော၊ အနိုင်ကျင့်တာတွေအပြင် ကြီးနိုင်ငယ်ညှင်းဖြစ်ပြီး ပျက်စီးနေတဲ့ ပညာရေးကို နည်းနည်းပါးပါးစော်ကားထားမိတာလေးတွေပါလို့(အစပိုင်းမှာပါတာပါ) အထိမခံနိုင်တဲ့သူတွေဆို ကြိုပြောထားပါမယ်။

လုံးဝ မဖတ်ပါနဲ့။

ရေးချင်တာကတော့ အထက်တန်းအရွယ်ကတည်းက သံယောဇဉ်တွယ်ခဲ့တဲ့ ကလေးနှစ်ယောက် တက္ကသိုလ်မှာ ဘာရယ်မဟုတ် ပြန်တွေ့ဖြစ်ကြရင်း တဖြည်းဖြည်းချစ်သွားကြတာမျိုး။ ဒါပေမဲ့ ဘယ်လိုဂြိုဟ်ဆိုးကထလဲမသိပါဘူး။ ရေးရင်းကနေ ဇာတ်အိမ်ပြောင်းမိသွားတာမို့လို့ နဂိုတွေးထားတဲ့ အထက်တန်းသံယောဇဉ်က နည်းနည်း ကြမ်းသွားတယ်။ အဲ့ဒါကြောင့် အစပိုင်းမှာ ပါနေတဲ့ အကြမ်းဖက်မှုတွေ၊ Bullyလုပ်တာတွေမဖတ်နိုင်ဘူးဆိုရင်၊ အထက်တန်းကျောင်းသားတွေကို မဟုတ်တာတွေရေးပြီး မြှောက်ပေးနေတယ်လို့ခံစားရရင်၊ ကျောင်းသားဆိုတာ ယဉ်ကျေးမှ၊ မိဘစကားနားထောင်မှ၊ ဆရာစကားသိတတ်မှ ကျောင်းသားလို့ သတ်မှတ်ထားတဲ့သူတွေပါရင် မဖတ်ပါနဲ့နော်။ ဘယ်သူမဆို လွတ်လပ်စွာခံယူချက်ကွဲလွဲခွင့်ရှိတာမှန်ပေမဲ့ ဒီဇာတ်လမ်းကို ရေးချပစ်လိုက်တဲ့ စာရေးသူတစ်ယောက်အနေနဲ့ ဒီလောက်ကလေးတော့ တောင်းဆိုခွင့်ပေးပါ။ ဒီFicနဲ့ ပက်သက်ပြီး ဘာပွဲမှ မဖြစ်ချင်ပါဘူး။

ပြီးတော့ ပေးထားရတဲ့အချိန်နဲ့အားစိုက်ထုတ်ထားရတာတွေတော့ အထိုက်အလျောက်ရှိပေမဲ့ ရိပ်က အပျော်တမ်းပဲရေးနေတဲ့သူဖြစ်တဲ့အတွက် ဆရာကြီးတွေရဲ့ ဝေဖန်မှုတွေကို ကျန်တဲ့Ficတွေမှာတော့ လက်ခံမယ်။ ဒီFicမှာတော့ မလိုလားအပ်တဲ့ အထင်အမြင်တွေကို တတ်နိုင်ရင် မလိုချင်ပါဘူး။ ရိ​ပ်ရဲ့အရေးအသား၊ လိုအပ်ချက်နဲ့ ဇာတ်လမ်းတည်ဆောက်ပုံမှာ ဝေဖန်ချင်တာရှိရင်၊ ညံ့ဖျင်းတာရှိရင်တော့ cbမှာဖြစ်ဖြစ် Ficရဲ့ Public commentမှာဖြစ်ဖြစ် ကြိုက်တာလာပြောပါ။ အဲ့ဒါမျိုးကိုတော့ ကောင်းစေချင်လို့ ပြောတယ်လို့ တွေးတာမို့လို့ ဘယ်အချိန်ဖြစ်ဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်။

Ctrl+Z(Completed)Unde poveștirile trăiesc. Descoperă acum