အပိုင်း(၂၆)

Mulai dari awal
                                    

သူတို့တွေအနေနဲ့ ကျန်းရုန်ဂိမ်းကစားသည်ကို ၂နှစ်တိုင်တိုင်ကြည့်လာသည် ဖြစ်သော်လည်း ကျန်းရုန် ထိုကဲ့သို့Champမျိုး ကစားသည်ကို အရင်ကတစ်ခါမှ မမြင်ဖူးကြသေးပေ။

လုပေါယွမ်ကတော့ အမြဲလိုလို လှုပ်ရှားနေတတ်တဲ့ Champဖြစ်သည့် Kalistaနှင့်ကစား‌နေသည်။

သူကကျွမ်းကျွမ်းကျင်ကျင်နှင့် လှုပ်ရှားပြသွားကာ လှံတွေပစ်ခွင်းလိုက်လေလေ killကပိုရလာ‌လေလေ
ဖြစ်လာပြီး barrageတစ်ခုလုံးကလည်း ချီးမွမ်းစကားတွေနှင့် ပြည့်နှက်နေ‌တော့၏။

"ကျွန်တော့်ADCကသာမန်လောက်ပဲ" လုပေါယွမ်ကခပ်တိုးတိုးဆိုးလာ၏။ "ဒီနယ်မြေကနည်းနည်းနိမ့်တော့ ဒီတိုင်းဖြတ်သွားလိုက်လို့ရတယ်"

[ဖြတ်သွားလို့ရတယ်? ယောင်္ကျားရေ ရှင်အခုအစုအလိုက်အပြုံလိုက် သတ်နေတာပဲမဟုတ်ဘူးလား?]

[နတ်ဘုရားလုမို့လိုသာ ဒီလောက်နှိမ့်ချနေတာပေါ့။ သူ့ဘေးကLuluသာဆို "မင်းအဖေကိုဘယ်သူတားနိုင်လဲ?"လို့ အော်မေးနေလောက်ပြီ]

[ဆိုတော့ နတ်ဘုရားလုက အနားယူမှာလား၊မယူသေးဘူးလားဟင်? နည်းနည်းလောက်ပိုတိကျတဲ့အဖြေလေးပေးလို့မရဘူးလား.....အဲ့ဒီအကြောင်းကိုစိတ်ပူနေတာ ခုဆိုရက်တွေအများကြီးရှိ‌နေပြီ အရမ်းဝမ်းနည်းနေပါပြီနော် QAQ]

[အရူးလေးက သူ့အသင်းဖော်ကိုကာကွယ်ပေးဖို့ Support itemsတွေ ဝယ်နေတယ်တဲ့......ဒီအဘိုးကြီးရဲ့ငယ်ရွယ်မှုကလည်း အဆုံးသတ်ချိန်ရောက်ပြီကိုး]

[အရက်သောက်ပြီးခေါင်းထိသွားတဲ့ပုံပဲ။ မြန်မြန်ဆရာဝန်သွားပြလိုက်ပါလား? အားလုံးအဆင်ပြေဖို့မျှော်လင့်ပါတယ်]

လုပေါယွမ် barrageကိုကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် ပရိတ်သတ်တွေရဲ့မေးခွန်းကို တိုက်ရိုက်ပြန်ဖြေပေးလိုက်သည်။ "ဒီနှစ်တော့အနားမယူသေးဘူး"

ထိုအဖြေကြောင့် Barrageတစ်ခုလုံးက ရုတ်ချည်းဆိုသလို အုတ်အော်သောင်းတင်းဖြစ်သွားပြီး ကွန်မန့်တွေကလည်း အပြိုင်အဆိုင်တက်လာသည့်အတွက် ကွန်မန့်တစ်ကြောင်းကိုပင် သေသေချာချာ ဖတ်လို့မရနိုင်တော့ချေ။

||Complete|| I Can Do It [MM Translation]Tempat cerita menjadi hidup. Temukan sekarang