လုရှီမင်က ပိုင်ဟွမ်ရဲ့ မျက်နှာကိုကြည့်နေရင်း ရွံရှာသွားသကဲ့သို့ မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။

ရုတ်တရက် အမျိုးသားရဲ့ လက်က ပုဆိန်လေးကို ရှေ့သို့ ပစ်လိုက်သည်။

ပိုင်ဟွမ်က အာမေဍိတ်သံပြုလိုက်တော့ သူမနောက်က အမျိုးသမီးအစေခံက ချက်ချင်း ရှေ့တက်လာပြီး ပုဆိန်လေးကို ကာလိုက်သည်။

"ဒေါင်ကနဲ "အသံနဲ့အတူ ပုဆိန်လေးက သတ္ထုပြားတချို့ကို ထုရိုက်မိသကဲ့သို့ မြေပြင်ပေါ်ပြုတ်ကျသွားသည်။

အမျိုးသမီး အစေခံရဲ့ ဗိုက်က ပိန်ချိုင့်သွားပြီးနောက် လျှင်မြန်စွာ ပြန်ဖောင်းလာခဲ့သည်။ သူမကိုယ်ပေါ်က အစေခံ ဝတ်ရုံဟာ King Kong ရုပ် သို့မဟုတ် အထူးကောင်းမွန်တဲ့ သတ္ထုပုံစံလိုမျိုး သန်မာတဲ့ကြွက်သားများကြောင့် ဖောင်းတက်လာ၏။

လုရှီမင် မျက်လုံးများ မှေးကျဉ်းလိုက်ပြီး လက်ချောင်းများ ဆက်ကနဲ လှုပ်ရှားလိုက်ကာ ပုဆိန်လေးကို သွားပြန်ကောက်လိုက်သည်။

ပိုင်ဟွမ်က သူမရှေ့က ကော်ဖီခွက်ကို မ,ကာ တစ်ငုံသောက်လိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။:"ပုဆိန်လိုမျိုးအရာက အန္တရာယ်များတယ်၊လျော့ပြီး ကစားတာပိုကောင်းတယ်"

စုရွမ်ရွမ် King Kong ရုပ်ကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။"ရှင်က သတ္ထုဖန်တီးတက်တာလား"

King Kong ရုပ်က ဂုဏ်ယူစွာ မေးပင့်လိုက်ပြီး အမှိုက်ကလေး စုရွမ်ရွမ်ကို ငုံ့ကြည့်လိုက်သည်။

စုရွမ်ရွမ် ပြောလိုက်၏။"ဆောင်းရာသီမှာ လက်ရန်းတွေနဲ့ ကစားရတာကြိုက်တဲ့ သတ္ထု အသုံးပြုသူ သဘာဝလွန်အားရှင်တစ်ယောက် ရှိခဲ့တယ်။ နောက်တော့ ထိုးမိပြီး ' ဘန်း ဘန်း ဘန်း' ဆိုပြီး မီးပန်းအဖြစ် ပြောင်းသွားခဲ့တာ" (ဟိုပီကို ပြောတာပါ)

စုရွမ်ရွမ် စကားပြောလို့လည်းပြီးရော King Kong ရုပ်က ချက်ချင်းပဲ အလွန်အမင်း ရုပ်ဆိုးတဲ့ အမူအရာနဲ့ သုံးမီတာလောက် နောက်ပြန်ဆုပ်သွားပြီး ပိုင်ဟွမ်နဲ့ တခြားသူတွေအောက်က ကုလားထိုင်များကို သတိနိုးကြားသော အကြည့်နဲ့ ကြည့်လိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Dove le storie prendono vita. Scoprilo ora