ချန်းချန်ကျင်းနှင့်ကောင်းဟိုင်ကြားရှိ ဇာတ်ကွက်မှာ သေရေးရှင်ရေးရုန်းကန်မှုမျိုးဖြစ်သည်။ ဒါရိုက်တာမှ သူတို့နှစ်ယောက်လုံးကို ရန်ဖြစ်မည့်ပုံစံအနေအထားများနှင့် ထိုသို့ဖြစ်သွားရသည့်အကြောင်းအရင်းများကို သေချာသရုပ်ဖော်ပေးလာသည်။ ချန်းချန်ကျင်းက ကောင်းဟိုင်ကို အနောက်မှနေပြီး လည်ပင်းထညှစ်၍ အကြိမ်ရေအနည်းငယ်မျှ ထိုးကြိတ်လေသည်။ သို့ပေမယ့် ကောင်းဟိုင်ကလည်း အငြိမ်မခံ၊ ပြန်တိုက်ခိုက်လို့လာတာမို့ သူတို့အတူ မြေကြီးပေါ် လဲကျသွားတော့သည်။ သို့ပေမယ့် ချန်းချန်ကျင်းက အသာစီးရထားတာမို့ ကောင်းဟိုင်ကိုရေပန်းအနားထိ ဆွဲခေါ်သွားကာ ရေနစ်သတ်ဖို့ လုပ်တော့သည်။

သေလုဆဲဆဲအခြေအနေနှင့် ရင်ဆိုင်ရချိန်၌ ကောင်းဟိုင်မှာ သူတို့အနေအထားကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ချန်းချန်ကျင်းကို ရေထဲ ပစ်ချကာ အပေါ်ပြန်မတက်လာနိုင်အောင် သူ့ခေါင်းကိုလည်း အတင်းဆွဲဖိထားလေသည်။

ဇာတ်ကွက်ရဲ့ပထမတစ်ဝက်ကတော့ အမှားအယွင်း မရှိ၊ ရိုက်ကူးပြီးသွားခဲ့သော်လည်း ကောင်းဟိုင် ချန်းချန်ကျင်းကို ရေထဲ ပစ်ချရာ၌ အကြိမ်ရေများစွာ ပြန်ရိုက်ကူးနေရသည်။

ထိုအချိန်က မတ်လပဲရှိသေးတာမို့ နွေဦးရောက်နေပြီဆိုပေမယ့်လည်း ညဘက်အချိန်များတွင်တော့ အရင်လ၏ချမ်းအေးမှုများက အကြွင်းအကျန်ရှိနေဆဲပင်။ ထို့အပြင် ရေပန်းအတွင်းရှိ ရေများက ထိတွေ့ဖို့တောင် အေးစက်လွန်းလှသည်။

နောက်ဆုံးမှာတော့ သူတို့တတွေ ထိုဇာတ်ကွက်ကို ခက်ခက်ခဲခဲနှင့်ပြီးဆုံးအောင် ရိုက်နိုင်ခဲ့လေသည်။ နောက်ထပ်ရိုက်ကွက်တစ်ခုကတော့ ချန်းချန်ကျင်းရဲ့ ရေပေါ် ခေါင်းပြန်ထူနိုင်အောင် ကြိုးစားခြင်းနှင့် ကောင်းဟိုင် သူ့အားရေထဲပြန်နစ်ထားခြင်းဖြစ်၏။

ရေပန်းအစွန်းနားတွင် ဒူးထောက်ထားရင်း ရှရှင်းချန် တစ်ကိုယ်လုံးက ရွှဲရွှဲစိုလို့နေသည်။ သူ ပြန်ထဖို့ ကြိုးစားချိန်မှာပဲ ကျူတျန်းကျဲလက်ချောင်းများက သူ့ဆံပင်ကို ဆွဲဆုပ်ကာ သူ့ခေါင်းကို ချုပ်ကိုင်ထားလျက် ရေအောက်သို့ပြန်ထိုးနစ်လေသည်။

The Star around the Sun 明日星程 [Unicode]Opowieści tętniące życiem. Odkryj je teraz