အပိုင်း(၁၅)

Start from the beginning
                                    

သူကမိတ်ဆက်​ပေးလာသည်။ "ဒါက ငါတို့အသင်းရဲ့Support Bye..."

"ကျွန်​တော်သူ့ကိုသိတယ်" ကျန်းရုန်ခဏတန့်လိုက်ပြီးမှ "အားလုံးကိုသိတယ်"

​ရှောင်ပိုင်အ​တွေးထဲတွင်​တော့- မင်းငါတို့ကို တစ်​​နေ့တစ်​​နေ့​လှောင်​ပြောင်​နေတာ မသိတာကမှထူးဆန်း​နေဦးမယ်!

​ရှောင်ပိုင် သ​ရော်လိုက်ချင်​ပေမယ့် သူ့ပါးစပ်က​နေစကားလုံး​တွေထွက်ခါနီးမှာပဲ ​ကြောက်၍​နောက်ပြန်ဆုတ်မိပြန်သည်။သူ့ရဲ့ခါးခါးသီးသီးခံစားချက်​တွေကို ​ဖော်ပြဖို့အတွက် အကျယ်ကြီးသူလုပ်ရဲတဲ့တစ်ခုတည်း​သောအရာက သူ့ရဲ့ထိုင်​နေသည့်ပုံစံကို ​ပြောင်းလိုက်ခြင်းသာဖြစ်​သည်။

သူ့​ဘေးမှာထိုင်​နေသည့်က Pineကမျက်မှောင်ကျုံ့လိုက်ပြီး ​မေးလာ၏။ "ဟိုလှည့်ဒီလှည့်နဲ့ ဂဏာမငြိမ်ဖြစ်​နေတာ မင်းဖင်​အောက်မှာဆူး​ရှိ​နေလို့လား?"

​ရှောင်ပိုင်:"...မင်းအပူမပါဘူး"

တင်း​ကောက​ပြောလာသည်။ "မင်းတို့လည်းသူ့ကိုသိမှာ​ပါ ဒါကSoftနာမည်ကကျန်းရုန် သူကmid​ကစားတာ လာမယ့်နှစ်ပတ်အတွင်းမှာ​တော့ သူကbaseမှာ​နေပြီး အစမ်း​လေ့ကျင့်လိမ့်မယ် မင်းတို့အားလုံးနဲ့အတူစား၊အတူ​နေ​ပေါ့"

ထိုသို့​ပြောပြီးသည်နှင့် တင်း​ကောကျန်းရုန်ကိုကြည့်လိုက်ပြီး သူ့အတွက်သူ စကားအနည်းငယ်​လောက်​ပြောလာဖို့ ​မျှော်လင့်မိ​နေသည်။

ကျန်းရုန် သူ့ရဲ့​ကျောပိုးအိတ်ကိုကိုင်ထားကာ တင်း​ကောကိုခဏ​​လောက်ပြန်စိုက်ကြည့်လိုက်ပြီး တစ်ခွန်းပဲပြန်​ပြောလိုက်သည်။ "အင်း"

တင်း​ကော:"....."

"ရုန်ကဘယ်ကရုန်လဲ?" ယွမ်ချန်းကအပြုံးတစ်ခုနှင့်အတူ​မေးလာ၏။

ကျန်းရုန်:"​ချောင်နဲ့အာနဲ့​ပေါင်းထားတဲ့ရုန်"

(T/N ကျန်းရုန်ရဲ့နာမည်က 艹(草)​(ချောင်)နဲ့ 耳(အာ)​ပေါင်းပြီး​တော့ "茸"(ရုန်)ထွက်လာတာ^ ^
ပြီး​တော့ ရုန်ရုန်ရဲ့ wechat ID "R-ong"ဆိုတာက အဲ့လို "​ချောင်အာ"ဆိုတာမျိုး ဒါ​ပေမယ့် သိပ်အဆင်မ​ပြေလို့ e translatorက pinyinအ​နေနဲ့​ပြောင်းထားတာပါတဲ့ သူ​ပြောင်းထားတာ​လေး​တွေကအ​တော်လှတာ)

||Complete|| I Can Do It [MM Translation]Where stories live. Discover now