ရှရှင်းချန်လည်း ကျူတျန်းကျဲက လူကောင်းတစ်ယောက်ပဲဟု တွေးထားခဲ့သည်။

သူ ကျူတျန်းကျဲနှင့် တွဲဖက်သရုပ်ဆောင်ရမည့်အခန်းမှာ ချန်းချန်ကျင်းကို အကြွေးရှင်များက ချေးထားသည့်ပိုက်ဆံများ ပြန်ဆပ်ဖို့ အတင်းလာတောင်းချိန် သူ ပြန်မပေးနိုင်သေးတာမို့ ထိုလူများက သူ့ကို ဂါဝန်နှင့် ဒေါက်ဖိနပ်အတင်းဝတ်ခိုင်းကာ အိမ်ပြန်စေပြီး သူ အိမ်ပြန်ရောက်လာသည့်နေရာမှ စတင်သည်။

ရှရှင်းချန်လည်း အထူးတလှယ်ပြင်ထားပေးတဲ့ ဝတ်စုံကို လဲဝတ်လိုက်သည် — အရောင်အားဖြင့် နီရဲနေပြီး ရွှေညိုရောင် အလက်လက်များတောင် ခြယ်သထားသည့် ကိုယ်လုံးပေါ်ဝတ်စုံရှည်လေးဖြစ်၏။

သူ ထိုဝတ်စုံကို ဝတ်၍ မှန်ရှေ့ မတ်တပ်ရပ်လိုက်ချိန် အဖွဲ့သားတိုင်းက သူ့ကိုကြည့်ရင်း ရယ်လာကြသည်။

ရှရှင်းချန်က ပိန်ပိန်ပါးပါးရှိလှတယ်ဆိုပေမယ့် သူ့ပခုံးအကျယ်ကတော့ ယောက်ျားဆန်လျက်ရှိနေဆဲ။ ထို့အပြင်သူ့ဆံပင်ကလည်း တိုနေပြီး အစကတည်းကလည်း သူက ဂါဝန်လို အဝတ်အစားများဖြင့် လိုက်ဖက်နေခြင်း မရှိ။သူ မှန်ထဲက သူ့ကိုယ်သူ ကြည့်ရင်း ဟားတိုက်ရယ်မိတော့သည်။ ထို့နောက် သူ့အနောက်တွင် သူ့အတွက်အဝတ်အစားစီစဉ်ပေးနေသည့် အဝတ်အစားဌာနမှ ကောင်မလေးကို လှမ်းမေးလိုက်သည်။ "ကျွန်တော် ကြည့်ရဆိုးနေလား။"

ထိုအချိန် ကျူတျန်းကျဲကလည်း မိတ်ကပ်ပြင်ဆင်ရန် ရောက်နေတာမို့ သူက မှန်ကတစ်ဆင့် လှမ်းကြည့်ရင်း ဖြေပေးလာသည်။ "မဆိုးပါဘူး။"

ကောင်မလေးက သူ့ဝတ်စုံရှည်ကို ဆွဲချရာတွင် ကူညီပေးရင်း နှုတ်ခမ်းကို တင်းတင်းစိထားလျက် ပြုံး၍ဖြေလေသည်။ "ဆံပင်တုနဲ့ဆိုရင် ကြည့်လှမှာ။ ဒါပေမယ့် အခု ရှင်က ladyboy နဲ့ အရမ်းတူနေတယ်။"

ကောင်မလေးက သူ့ဝတ်စုံရှည်ကို ဆွဲချရာတွင် ကူညီပေးရင်း နှုတ်ခမ်းကို တင်းတင်းစိထားလျက် ပြုံး၍ဖြေလေသည်။ "ဆံပင်တုနဲ့ဆိုရင် ကြည့်လှမှာ။ ဒါပေမယ့် အခု ရှင်က ladyboy နဲ့ အရမ်းတူနေတယ်။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Star around the Sun 明日星程 [Unicode]Where stories live. Discover now