အပိုင်း(၁)

Start from the beginning
                                    

ဘတ်စ်ကား၏တံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး အဲ့သည့်​နောက်မှာ​တော့ ပရိတ်သတ်​တွေ၏​အော်သံ​တွေကြားတွင် TTCအဖွဲ့ဝင်​တွေက ​အပြုံးကိုယ်စီနှင့် လက်​​တွေဝှေ့ယမ်းပြရင်း တစ်​ယောက်ချင်းစီဆင်းလာ​နေကြသည်။

​နောက်ဆုံးအဖွဲ့ဝင် ကား​ပေါ်မှဆင်းလာသည့်အခါမှာ​တော့ ​အော်သံ​တွေက ပိုမိုကျယ်​လောင်လာပြီး ပရိတ်သတ်​တွေက သူတို့ရဲ့LEDဘုတ်​တွေကို အရင်ကထက် ပင် စိတ်အားထက်သန်စွာ ​ဝှေ့ယမ်းပြလာကြသည်။

လူများ​နေသည့်အတွက် မ​တော်တဆဖြစ်ရပ်များ မဖြစ်ပွား​စေရန် ကာကွယ်ဖို့ခက်ခဲ​လေသည်။ ထိုအခိုက် TTCဟု​ရေးထား​သည့် ဆိုင်းဘုတ်​လေးက ​​မြေပြင်​ပေါ်သို့ ရုတ်တရက်ပြုတ်ကျသွားပြီး​ ကောင်မ​လေးတစ်​ယောက်၏​အော်သံနှင့်အတူ လုံခြုံရေးများက သူမအား ​အော်ဟစ်တားဆီးသံများ တစ်ဆက်တည်းထွက်​ပေါ်လာ​လေသည်။

​ကောင်မ​လေးက စိုးရိမ်တကြီးနှင့်​ပြောရှာသည်။

"​တောင်းပန်ပါတယ် ၊ ​တောင်းပန်ပါတယ်
ကျွန်မကိုတစ်​ယောက်က တွန်းလိုက်လို့ပါ၊ တကယ်​တောင်းပန်ပါတယ်၊ ​ကျေးဇူးပြုပြီး အဲ့ဒီLEDဘုတ်​လေးကို ​ပြန်ကောက်​ပေးနိုင်မလား"

လုံခြုံ​ရေးအ​စောင့်ကဆို၏။

"ခဏ​နေရင်ပြန်​ကောက်​ပေးမယ်၊ ​လော​လောဆယ် နောက်ကိုနည်းနည်းဆုတ်ဦး"

လုံခြုံ​ရေးအ​စောင့်​ ပြောပြီးသည့်​နောက်မှာပဲ တစ်စုံတစ်​ယောက်က ထိုဘုတ်ပြား​လေးကို ကုန်းကောက်ကာ ​ကောင်မ​လေးဆီ ကမ်းပေးလိုက်​သည်။

ပြန်​ကောက်​ပေးလိုက်သည့် ထိုလူက အဖြူနှင့်အမည်း​ရောစပ်ထားသည့်ယူနီ​ဖောင်းကို ဝတ်ထားပြီး သူ၏ဆံပင်​တွေက အနည်းငယ်ရှုပ်ပွ​နေကာ အနီးကပ်ကြည့်မည်ဆိုပါက တစ်ခုခုကိုမှီအိပ်ထားသည့်အတွက် ​ပေါ်လာသည့်အစင်း​ကြောင်း​လေး​တွေကိုပါ သူ၏သေးသွယ်ပြီးကျဥ်း​မြောင်းသည့် မျက်ဝန်း​​ထောင့်စွန်း​ဘေးတွင် မြင်နိုင်သည်။ ထိုမျက်ဝန်း၏​အောက်ဘက်တွင်​တော့ ​ဖြောင့်တန်းပြီးမြင့်မားသည့်နှာတံနှင့် အနည်းငယ် ခပ်ဟဟပွင့်​ဟနေ​သော နှုတ်ခမ်းပါးတစ်စုံရှိ​လေသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now