ခုချိန်မှာ ဒီလိုခွေးရူးမျိုးရဲ့ ကိုက်တာခံရရင် လျော်ကြေးငွေ အသာထား၊ ခွေးရူးပြန် ကာကွယ်ဆေး ဘယ်နေရာမှာ ရနိုင်လဲဆိုတာတောင် သိတာမဟုတ်ဘူးလေ။

ဇွန်ဘီခွေးက စုရွမ်ရွမ်ကို ဦးဆောင်ခေါ်သွားပြီးတော့ လူဝကြီးတစ်ယောက်ရဲ့ အနိုင်ကျင့်ခံနေရတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

လူငယ်လေးဆိုပေမယ့်၊ အရမ်းလည်း မငယ်ချေ။သူက အသက် ၁၅ ၊ ၁၆ နှစ်လောက် ရှိပုံပေါ်၏။

သို့သော်လည်း ကမ္ဘာပျက်ကပ်နေ့ရက်များရှိ လူအများစု၏ အဟာရချို့တဲ့မှုကြောင့် သူက အသက် ၁၀နှစ်လောက်သာ ရှိသည်ဟု အထင်ရောက်စေလိမ့်မည်။

လူငယ်လေး ခြေထောက်များက ခြေချော်၍ ကတိမ်းကပါး ဖြစ်သွားကာ လူ၀ကြီးရဲ့ ထောင့်သို့ဆွဲခေါ်သွားခံရပြီး၊ မြေပြင်၌ ဖိထားခံလိုက်သည်။

သူ့ကိုယ်ပေါ်က နံစော်နေတဲ့ အဝတ်အစားတွေက အပိုင်းပိုင်း ဆုတ်ဖြဲခံထားရပြီး ပိန်ပါးကျုံလှီလှတဲ့ ခန္ဓာကိုယ်က လှစ်ဟထွက်ပေါ်နေ၏။

လူငယ်လေးရဲ့ မျက်နှာက နည်းနည်းညစ်ပေနေပေမယ့် သူက ချောမောတဲ့ ကလေးဆိုတာကိုတော့ ပြောနိုင်သည်။

ကမ္ဘာပျက်ကပ်နေ့တွေမှာ အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသမီးနှုန်းထားက တရိပ်ရိပ် လျော့ကျလာပြီး လူငယ်လေးတွေဖြစ်တဲ့ ချောမောလှပတဲ့ ကောင်လေးများမှာ ပိုပြီးတော့ လူကြိုက်များလာသည်။

လူ၀ကြီးက ရမ္မက်ကြီးစွာဖြင့် လူငယ်လေးရဲ့ ဘောင်းဘီကို ဆွဲချလိုက်၏။

ဆယ်ကျော်သက်လေးမှာ ပြင်းပြင်းထန်ထန် ခုခံရုန်းကန်တော့သည်။

စုရွမ်ရွမ် ဘေးမှာရှိတဲ့ ဇွန်ဘီခွေးက ထိုးဟောင်လိုက်ပြီး အပြေးအလွှားသွားတော့မလို့ပင်။

ဒါပေမယ့် တစ်စုံတစ်ယောက်က ခွေးထက် ပိုမြန်သွား၏။

လုရှီမင်က ရှေ့ကို ဗလာဖြစ်စွာ လျှောက်သွားပြီး လူဝကြီးလည်ပင်းအား ညှစ်လိုက်တာကို စုရွမ်ရွမ် မြင်လိုက်ရသည်။

ဒီနေရာက အစွန်အဖျားကျတဲ့ ထောင့်နားဆိုတော့ ပတ်ဝန်းကျင်မှာ မည်သူမှ မရှိချေ။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now