စုရွမ်ရွမ်;???

လူသတ်သမားနှစ်ယောက်ဟာ ဈေးဝယ်ခြင်းကို တွန်းလိုက်ပြီး တံတိုင်းအမြင့်ဘက်သို့ စုရွမ်ရွမ်ကို ပြန်လှည့်လိုက်သည်။

တံတိုင်းက အရမ်းမြင့်‌သောကြောင့် သူတို့မှာ စုရွမ်ရွမ်ကို ကျော်မပစ်နိုင်ဘဲ ထိုနေရာကို ပစ်ရုံသာ ပစ်လိုက်တော့၏။

စုရွမ်ရွမ်:???

စုရွမ်ရွမ် ကောင်းကင်ကို မော့ကြည့်လိုက်တော့ သူမခေါင်းပေါ်မှာ တစ်ခုခု ပျံသန်းနေသလိုမျိုး ခံစားနေရသည်။

ခြေထောက်မရှိတဲ့ အသားလုံးကျည်ဆံလိုမျိုး ခွာလေးခုအားလှုပ်ရှားကာ သွယ်လျတဲ့ လူ‌တစ်ယောက်ရဲ့နောက်မှ လိုက်ပြီးနောက် သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားဝောာ့သည်။

စုရွမ်ရွမ်သည် သူမ ပါးစပ်ကို ဖွင့်ပြီး စကားပြောချင်ပေမယ့် စကားတစ်လုံးမှ မပြောနိုင်တော့ပေ။ဒီလိုမျိူး လှပတဲ့နောက်ကျော ရှိတဲ့လူက ကြည့်ကောင်းချောမောတဲ့ သူပဲဖြစ်ရမည်ဟု သူမတွေးမိ၏။

သူမရဲ့ ပိုကောင်းတဲ့ ပိုနာခံတဲ့ လူသစ်လေး  ဖြစ်နိုင်လောက်တယ်။

တစ်ဖက်တွင် ၊ လုရှီမင်မှာ ခွေးပေါက်လေးကို တရွတ်တိုက်ဆွဲခေါ်လာပြီး ကန်တင်းထဲသို့ ဝင်ရောက်လာသည်။

ခွေးပေါက်လေးက အထဲသို့ အပြေးအလွှား ဝင်ရောက်သွားပြီး ဝက်သားနှပ်အပိုင်းကို လုယူကာ ပြေးတော့၏။

အထဲတွင်ရှိနေတဲ့ မရေတွက်နိုင်တဲ့ လက်နက်ကိုင်စစ်သားများမှာ ခွေးပေါက်လေးနောက်မှ အပြေးလိုက်ကြတော့သည်။

"အရူး!"

လုရှီမင်က တိတ်တဆိတ် ကျိန်းမောင်းလိုက်ပြီး ခွေးပေါက်လေးကို စွန့်ပစ်ထားခဲ့ကာ ရှောင်ရှားသွားလိုက်သည်။

တံတိုင်းအမြင့် အနီး၌၊ စုရွမ်ရွမ်ဟာ သူမ လက်ချောင်းလေးများကို လှုပ်ရှားကြည့်လိုက်ပြီး နောက်ဆုံးတော့ သူမ ခွန်အားတချို့ ပြန်ရပြီကို ခံစားမိလိုက်၏။

ဈေးဝယ်ခြင်းကို သူမခြေထောက်လေးများနှင့် တွန်းလိုက်ပြီး ပတ်ချာလည်လှည့်ကာ သွား‌နေလိုက်သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now