သူ ကားရပ်လိုက်သည်နှင့်တပြိုင်နက် ရှရှင်းချန် ကားမှန်တံခါးကို ချက်ချင်း ဆွဲချလိုက်သည်။ ထို့နောက်မှာတော့သူ ရှရှင်းချန်၏ အော်ခေါ်သံကို ကြားလိုက်ရလေသည်။ "မင်ကော!"

ရှယဲ့ခေါင်းထဲ နာမည်တစ်ခုက ချက်ချင်းဆိုသလို ပေါ်လာသည် : ယန်ယိုမင်! သူ ကားတံခါးဆွဲဖွင့်ကာ လိုက်သွားရန် ခြေတစ်ဖက်ချပြီးနောက် သူ့တကိုယ်လုံး တောင့်တင်းလို့ သွားသည်။ သူ အနည်းငယ်မျှ ကြောင်အနေဆဲ။အကြောင်းကား သူ့လို အနုပညာလောကအကြောင်း စိတ်မဝင်စားသူတောင် ယန်ယိုမင်က တကယ့်နာမည်ကြီးမှန်းသိလို့နေသည်ပင်။

ယန်ယိုမင်က လေဆိပ်ဝန်ထမ်းတစ်ယောက်နောက်မှ လိုက်ထွက်လာသည်။

ရရှင်းချန် အလျင်အမြန်ပြေးသွားလိုက်ပြီးနောက် ယန်ယိုမင်အရှေ့တွင် ရပ်ကာ တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ကြည့်လိုက်သည်။ "အေးလား။"

ယန်ယိုမင် ပြုံးပြီး ပြောလိုက်သည်။ "မအေးပါဘူး။"

ရှယဲ့လည်း ထိုအချိန်တွင် အနားသို့ လျှောက်လာလေသည်။

ရှရှင်းချန် ယန်ယိုမင်နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါ ကျွန်တော့်အစ်ကို၊ နာမည်က ရှယဲ့၊ ကျွန်တော့်တို့ကို လာကြိုပေးတာ။"

ထို့နောက် သူ ရှယဲ့အား ပြောလိုက်သည်။ "ဒါ ယန်ယိုမင်၊ ကျွန်တော့်ရဲ့ မင်ကော။"

ယန်ယိုမင် ရှယဲ့ထံ လက်ဆန့်တန်းပေးလိုက်သည်။ "တွေ့ရတာ ဝမ်းသာပါတယ်။"

ရှယဲ့ အလျင်အမြန်ပဲ သူ့လက်အား ဆန့်ထုတ် နှုတ်ဆက်လိုက်ပြီး ခဏတာမျှ ဘာပြောရမယ် မသိဖြစ်နေသည်။ ထို့ကြောင့် သူ ဤမျှသာပြောလိုက်တော့သည်။ "ကျွန်တော်က ရှရှင်းချန် အစ်ကိုပါ။"

ရှယဲ့ပြောတာကို ကြားချိန်တွင် ယန်ယိုမင်လည်း ထပ်ဖြည့်ပြောလိုက်သည်။ "ကိုယ် ရှင်းချန်ရဲ့ သူငယ်ချင်းပါ။"

ရှယဲ့ အနည်းငယ်မျှ ကြောင်အနေဆဲ။ သူ့အတွေးထဲ ရှရှင်းချန်၏ သူငယ်ချင်းက နှစ်ဆယ်ကျော် ကောင်လေးငယ်တစ်ယောက်သာ ဖြစ်လောက်မည်ဟု ထင်ထားမိခဲ့သည်။ သို့ပေမယ့် အခု ယန်ယိုမင်နှင့် မျက်နှာချင်းဆိုင်ရချိန် သူပြင်ဆင်ခဲ့သည့် ကိုယ်ဟန်အနေအထားများက သင့်တော်ခြင်းမရှိတော့။ သူ ဘာပြောရမလဲကို မသိတော့တာမို့စကားစဖြတ်ရတော့သည်။

The Star around the Sun 明日星程 [Unicode]Tahanan ng mga kuwento. Tumuklas ngayon