ယန်ယိုမင် ရှရှင်းချန်အား ပြောလိုက်သည်။ "မင်း အိမ်ပြန်မလို့လား။"

ရှရှင်းချန် ပြန်ဖြေလိုက်သည်။ "ဟုတ်"

ယန်ယိုမင် ကျယ်ကျယ်ပြန့်ပြန့်ဆိုဖာပေါ် ခြေတစ်ဖက်ကို ကွေးတင်ကာ ကျောမှီချရင်း ပြောလိုက်သည်။ "နှစ်ကူးအိမ်မှာ အမျိုးတွေနဲ့ အချိန်ကုန်ဆုံးတာ လုပ်သင့်ပါတယ်။"

ရှရှင်းချန် ခေါင်းမော့ကြည့်ရင်း သူ့ဆံပင်သူ ဆွဲကိုင်ဖွရင်း ယန်ယိုမင် ရင်ဘတ်ကို နဖူးဖြင့် ခပ်နာနာ တိုက်လိုက်သည်။ ထို့နောက် ယန်ယိုမင် ရင်ဘတ်အထက် မျက်နှာအပ်ထားရင်း ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။

"ကော ..." သူ စကားဆက်ပြောဖို့ လုပ်ပေမယ့် ကျန်နေသေးသည့်အကြောင်းအရာများက သူ့လည်ချောင်းထိပ်တွင်တစ်ဆို့နေပြီး ဘာစကားမှ မပြောနိုင်။ သူ့အသံများက အင်.. အမ် .. အို ..ဆိုသည့် အသံများသာ ဖြစ်လို့နေသည်။

ယန်ယိုမင် သူ့လက်ကိုမြှောက်ပင့်ရင်း ရှရှင်းချန် ခေါင်းမှ ဆံပင်များကို ထိုးဖွပေးကာ ငုံ့ကြည့်ပြီး ပြောလိုက်သည်။"ပြောစရာရှိရင် သေချာပြောလေ။"

ရှရှင်းချန် သတ္တိမွေးပြီး ပြောချလိုက်သည်။ "ကော နှစ်ကူးပွဲတော်အတွက် ကျွန်တော်နဲ့အတူ အိမ်လိုက်ခဲ့မလား။"

ယန်ယိုမင် ဆံပင်သပ်ပေးနေသည့် လှုပ်ရှားမှုလေးက ရုတ်တရက် ရပ်တန့်လို့ သွားသည်။ သူ ရှရှင်းချန်ကို ငေးကြည့်နေရင်း ခဏကြာမှ မေးမြန်းလိုက်သည်။ "ကိုယ် မင်း အိမ်ကို ဘယ်လိုပတ်သတ်မှုအမည်နဲ့ လိုက်ခဲ့ရမှာလဲ။"

ရှရှင်းချန်က အငြင်းခံရဖို့အထိ တွေးထားတာဖြစ်သည်။ ယန်ယိုမင် သူ့အား တန်းမငြင်းလိုက်မှန်း သိလိုက်ချိန်တွင်တော့ သူ မတ်မတ် ထထိုင်ပြီး အလျင်အမြန် ပြောလိုက်သည်။ "သူငယ်ချင်း! ကျွန်တော် နွေရာသီ ကျောင်းပိတ်တုန်းကလည်း ကျွန်တော့်အတန်းဖော်တွေကို အိမ်ခေါ်သွားဖူးတယ်။ ကျွန်တော့်မိဘတွေက တက်တက်ကြွကြွပဲ၊ မပူပါနဲ့။"

ယန်ယိုမင် သူ့အား မေးလိုက်သည်။ "မင်း အခုအချိန်က သင့်တော်တယ် ထင်လို့လား။ ပြီးတော့ ဒါကကျောင်းပိတ်ရက်မဟုတ်ပဲ တရုတ်နှစ်သစ်ကူးရက်။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now