သူ အကြံပေါ်လာချိန်၌ ထကာ ဆိုဖာပေါ် ဒူးထောက်ထိုင်လျက်နှင့် ဆိုဖာ ညာဘက်စွန်းတွင် ထိုင်နေသည့် ယန်ယိုမင်အား အလယ်သို့ ပြောင်းထိုင်စေပြီး သူ့ပေါင်ပေါ် လှဲချကာ ဇာတ်ညွှန်းကို အရှေ့တွင် ချထားလျက် ရေးမှတ်စရာရှိသည်များကို မှတ်သားတော့သည်။

ယန်ယိုမင်ကလည်း သူ့အလိုကြိုက် ပူးပေါင်းဆောင်ရွက်ပေးလေသည်။ နေရာပြောင်းပြီးချိန်တွင်တော့ ဦးစွာပထမ ရှရှင်းချန် ခေါင်းကို ပုတ်ပေးလျက် ရှိနေသည့် လက်လေးက ဒီတစ်ချိန်၌ သူ့တင်ပါးလုံးလေးပေါ် ရောက်သွားပေမယ့် သူ့အကြည့်များကတော့ ဇာတ်ညွှန်းပေါ်က သွေဖယ်မသွား။

ရှရှင်းချန်က ဇာတ်လမ်းအတွင်းသာ နစ်မြှုပ်နေသည်မို့ ဆိုဖာပေါ် ဇာတ်ညွှန်းကို တင်ရင်း စာရေးနေပေမယ့် သူ့လက်ရေးများက တွန့်လိမ်နေသည်။ သို့ပေမယ့်လည်း သူ ဖတ်လို့ ရနေသည်မို့ ဘောပင်ကို ဘေးပြန်ချလိုက်သည်။ ထို့နောက်မှာတော့ သူ ယန်ယိုမင်၏ နွေးထွေးလှသည့် လက်ဝါးပြင်က သူ့တင်ပါးပေါ် တင်ထားလျက် ရှိနေမှန်း သတိထားမိသွားသည်။

"မင်ကော" ရှရှင်းချန် သူ့အား ခေါ်လိုက်သည်။

ယန်ယိုမင် ဆိုဖာပေါ် မှီလျက်ရှိနေရင်း ပျင်းတိပျင်းရွဲ ပြန်ပြောသည်။ "အင်း"

ရှရှင်းချန် ခြေနှစ်ဖက်ကို ပွတ်သပ်ရင်း ခပ်ကျယ်ကျယ် ထပ်ခေါ်လိုက်သည်။ "မင်ကော"

ယန်ယိုမင်း သူ့အား ခေါင်းငုံ့ကြည့်လိုက်သည်။

ရှရှင်းချန် ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော့်တင်ပါးက လုံးလုံးလေးမလား။"

ယန်ယိုမင် ထိုစကားများကို ကြားချိန်တွင် ရယ်ရင်း လက်ဖြင့် ဖိညှစ်ပြီး ပြောလိုက်သည်။ "မဆိုးပါဘူး။"

ရှရှင်းချန် စိတ်ကျေနပ်မှု မရသွား။ "မဆိုးရုံလေးပဲလား။"

ယန်ယိုမင် နောက်ထပ် နှစ်ကြိမ်မျှ ထပ်ညှစ်ပြီး စိတ်ရင်းဖြင့် ပြန်ပြောလိုက်သည်။ "ဒါ တကယ်ကို ကိုယ်မြင်ဖူးသမျှထဲ အလုံးဝန်းဆုံး တင်ပါးပဲ။"

ရှရှင်းချန် ထိုအဖြေကိုလည်း စိတ်ကျေနပ်မှု မရှိသေး။ သူ တိုးတိုးပြောလိုက်သည်။ "ကော လူဘယ်နှစ်ယောက်ရဲ့ တင်ပါးတွေ မြင်ဖူးထားလဲမှ ကျွန်တော် မသိတာ။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now