သူ ကားခုံပေါ် ခေါင်းမှီထားရင်း သူအပြင်ထွက်သွားတုန်းက ဝတ်ထားသည့် သိုးမွေးဦးထုပ်အား သူ့လက်ချောင်းများဖြင့် ဆော့ကစားနေကာ ချန်းဟိုင်လန် လျန့်ကျင်းယွမ်ကို အလေးပေးသည့်အကြောင်းကို တွေးနေမိသည်။ သူ အားကျမိသည်။ သို့ပေမယ့် ထို့နောက်မှာတော့ သူ ဘာလို့ အားကျချင်ရတာလဲဟု တွေးမိပြန်သည်။ သူ့မှာ ယန်ယိုမင်ရှိသည်။ တစ်ကမ္ဘာလုံးကတောင် သူ့ကို ပြန်အားကျနေရမှာလို့ အမြဲလိုလို ခံစားနေရသည်။

ကားက ဆယ်မိနစ်ကြာအောင် မောင်းပြီးချိန်တွင်တော့ ကုန်းတက်လမ်းတစ်ခုဆီ ရောက်သွားသည်။ ထိုလမ်းကြောင်းကို ဝင်ပေါက်ဂိတ်တစ်ခုနှင့် ပိတ်ထားပြီး ဘေးတစ်ဖက်တစ်ချက်ဆီမှာလည်း နံရံအနိမ့်လေးများဖြင့် ကာဆီးထားသည်။ ကားက ထိုဂိတ်ကို ဖြတ်ပြီး မောင်းဝင်လာသည်။ ဂိတ်အတွင်းထဲတွင်တော့ ခြံဝန်းလေးတစ်ခုရှိနေသည်။ ပိုင်ရှင်ဖြစ်သူက ကြာပန်းကန်နှင့် နားနေအိမ်များကို အလွန်သဘောကျပုံပေါ်သည်။ ဆောင်းတွင်းရောက်နေပြီဆိုပေမယ့် စိတ်ဓာတ်ကျစရာအငွေ့အသက်များမတွေ့ရ။ လမ်းတစ်လျှောက်တွင် ပန်းများ ပွင့်လန်းနေသည့် မက်မန်းပင်များကိုတောင် တွေ့လိုက်ရပြီး သူတို့အကိုင်းအခက်များကတော့ အဝါရောင် သန်းလျက်ရှိနေသည်။

လမ်းရဲ့ အဆုံးမှာတော့ နှစ်ထပ်တိုက်ဗီလာအိမ်ဖြစ်သည်။ အရပ်ရှည်ရှည်၊ ရုပ်ချောချောကောင်လေးတစ်ယောက်က ဗီလာအရှေ့တွင် မတ်တပ်ရပ်ရင်း စောင့်နေသည်။ ရှရှင်းချန် ကားမှန်မှ လှမ်းကြည့်လိုက်ပြီး လျန့်ကျင်းယွမ်မှန်း သိလိုက်ရသည်။

လျန့်ကျင်းယွမ် ဆွယ်တာအင်္ကျီလေး ဝတ်ထားပြီး ပြုံးလျက်ဖြင့် သူတို့ဘက်ကို လက်ဝှေ့ယမ်းပြလာသည်။

ကားရပ်သွားချိန်မှာတော့ ချန်းဟိုင်လန်၏ ကားပေါ်မှ ထွက်ထွက်ချင်း လျန့်ကျင်းယွမ်ကို လှမ်းပြောသည့်စကားများကို ရှရှင်းချန် ကြားလိုက်ရသည်။

"မအေးဘူးလား။ အထဲဝင်တော့။"

လျန့်ကျင်းယွမ်ကတော့ လုံးဝကို ချမ်းအေးနေပုံမပေါ်၊ သူက အလွန်ကို တက်ကြွနေသည့် ပုံစံဖြင့် ယန်ယိုမင်ကို နှုတ်ဆက်ဖို့ သူတို့အရှေ့ကို လျှောက်လာတော့သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now