ဟိုပီ၏ စွမ်းရည်မှာ သတ္ထုဖြစ်လေသည်။မူလကတော့ အဲ့ဒါက သတ္ထုကိုပဲ ထိန်းချုပ်နိုင်သည်။နောက်တော့ သတ္ထုလှောင်အိမ်များကို လေထုထဲမှ ပြောင်းလဲလာနိုင်သည်။

သူ့စွမ်းရည်ကို ဘယ်လောက်တောင် ကြောက်လန့်ဖွယ်ရာ ပျိုးထောင်ခဲ့လည်းအား မြင်နိုင်ပေသည်။

ဒါတွေအားလုံးမှာ အဲ့လူများ၏ သွေးပေနေတဲ့ အမြုတေ အကျိုးကျေးဇူးများ ဖြစ်ပေသည်။

နီးယန်၊ ခွေးတွေနဲ့ ကျူးယန်တို့မှာ လှောင်အိမ်ထဲတွင် အပိတ်ခံလိုက်ရပြီး ဟိုပီ၏ တိုက်ခိုက်ခြင်းခံနေရတဲ့ လုရှီမင်နှင့် စုရွမ်ရွမ်ကို ကြည့်နေရဝောာ့သည်။

သူတို့လည်းပဲ လှောင်အိမ်ထဲတွင် ထာခြင်းခံရတော့၏။

ရေခဲနှင့် နှင်းများကြားတွင် လုရှီမင်နှင့် စုရွမ်ရွမ်တို့မှာ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားကြသည်။

သူမက အစမ်းသဘောဖြင့် ပူလည်းမပူ၊ နွေးထွေးပုံလည်းရတဲ့ မီးတွေရှိနေတဲ့ ကျူးယန်ကို ဖက်ကြည့်ချင်ပေမယ့် ညင်သာစွာဖြင့် လုရှီမင်၏ နောက်ပြန်ဆွဲခြင်း ခံလိုက်ရသည်။

"ရွမ်ရွမ်က ဘယ်ကို သွားချင်နေတာလဲ?"

"ကျွန်မ၊ ကျွန်မက ထိကြည့်ချင်ယုံလေးပါ..."

စုရွမ်ရွမ်က လျှင်မြန်စွာ စကားပြောနေရင်း လုရှီမင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။အဖြူရောင် လက်ချောင်းလေးများက အချင်းချင်းပွတ်သက်နေပြီး ကျူးယန်ဘက်သို့ ပိုပိုသာသာ ကြည့်နေလေ၏။ဇွန်ဘီခွေးနဲ့ ခွေးပေါက်လေးဟာလည်း ကျူးယန်နဲ့ ပေါင်းစပ်တော့မလိုမျိုး ရှိနေကြသည်။

စုရွမ်ရွမ်က လုရှီမင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမရင်ဘက်ကို မတ်မတ်ထားနိုင်ဖို့ ကြိုးစားလိုက်သည်။

ဘယ်အချိန်က သူတို့ရဲ့ 'စု' မိသားစုမှာ သရဲဘောကြောင်တဲ့ လူတစ်ယောက်ရှိလာရတာလဲ!

"ကျွန်မ ကျူးယန်နဲ့  စကားသွားပြော... "

" ဟမ်?"အမျိုးသား က မေးလိုက်သည်။

လက်တွေ့မှာတော့ စုရွမ်ရွမ်ဟာ ချက်ချင်းကို ညွတ်ကျသွားလေ၏။:QAQ  ပြန်မတိုက်ခိုက်ဘူးပဲ၊ ငါ့ကိုယ်ငါ မုန်းလိုက်တာနော်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now