အလင်းရောင်က ပါးလွှာ ရှည်လျားကာ တောက်ပနေသည်။

မသိစိတ်အရ နံပါတ်(၃)က သူ့မျက်လုံးကိုကာဖို့ သူ့လက်ကို ထုတ်လိုက်သည်။ဟိုပီက အေးစက်သော အသံထွက်လာသည် " လက်ချထား!"

နံပါတ် (၃) က ချက်ချင်းပဲ လက်ချထားလိုက်သည်။

ဟိုပီက သူ့ရှေ့က နပါတ် (၃) ကို ဗလာသက်သတ် စိုက်ကြည့်နေပြီး ရုတ်တရက် သူ့အသွင်အပြင်ကို နူးညံ့လိုက်ပြီး ကိုယ်ပိုင် အကျိုး ရရန်အတွက် ဥပဒေကို အတင်းအကျပ် ပြုပြင်ဖို့ ကြိုးစားလိုက်သည်။

သူက အခန်းထဲမှာ တစ်ယောက်ထဲကျန်ရှိနေတဲ့ နံပါတ် (၃) ရဲ့ နောက်ကျောကို ကိုင်ထားပြီး ဖလက်ရှ်မီးကို ပိတ်လိုက်ကာ သူ့ပုခုံးအား ပုတ်လိုက်ပြီး နူးညံ့သော လေသံတိုးတိုးဖြင့် ပြောလိုက်သည် "ကောင်လေး၊ မင်းတကယ် သူ့ကို သတ်ခဲ့တာလား?"

နံပါတ် (၃) က တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်သည် " ဟုတ်တယ်၊ကျွန်တော်သတ်ခဲ့တာ"

ဘာကြောင့်မှန်းမသိ နံပါတ်(၃)က ခေါင်းထဲမှာ မရေမရာ ဖြစ်နေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ အဲ့လူကို ကာကွယ်ရမယ်!

နံပါတ် (၃) က သူ့ရဲ့ ပိန်ပါးသော ရင်ဘက်ကို မတ်မတ်ထားလိုက်ပြီး သူ့ခေါင်းကို မြှင့်ဖို့ကြိုးစားလိုက်ကာ ထပ်ပြောလိုက်သည်။"ကျွန်တော် အဲ့လူကို သတ်ခဲ့တာ ! အား!"

ဟိုပီက မထိန်းချုပ်နိုင်တော့ ပဲ နံပါတ် (၃) ရဲ့ ခေါင်းကို ခပ်ကြမ်းကြမ်း ရိုက်မိလိုက်သည်။ထို့နောက် သူက ချောင်း အနည်းငယ်ဟမ့်လိုက်ပြီး နှစ်သိမ့်လိုက်သည် "မကြောက်နဲ့၊ မင်းမသတ်ခဲ့ဘူးဆိုရင် ကိစ္စမရှိဘူး"

သူက ပိုက်ကွန်တစ်ခု ဖြန့်ကျက်ထားခဲ့ပြီး လုရှီမင်ကျလာမှာကို စောင့်နေခဲ့သည်။ဒီအချိန်ကျမှ သူကဘယ်လိုလုပ်ကြိုးကို လျှော့ချပစ်နိုင်မှာလဲ!

ဟိုပီက သူ့ပါးစပ်မှ "မင်းမသတ်ခဲ့ပါဘူး" ဟု ပြောထွက် လုနီးပါပင်။

နံပါတ် (၃) က ခါးခါးသီးသီး ငိုနေ၏ "ကျွန်တော် တကယ် လူသတ်ခဲ့ပါတယ်"

ကုန်လှောင်ရုံ အကျဉ်းထောင်ထဲတွင် သူ ညစဉ်ညတိုင်းအိမ်မက်ဆိုးများ မက်ခဲ့ပြီး ကျန်းကျစ်ဟောင်က သူ့ကို လက်စားချေဖို့ ရောက်လာသည်ဟု အိမ်မက်မက်ခဲ့သည်။

ကမ္ဘာပျက်ကပ်၌ ကျောင်းကျောင်း နေ့တိုင်း ရုန်းကန်နေရတယ် 🍀ဘာသာပြန်✓✓✓Where stories live. Discover now