၃၉

15.6K 1.8K 50
                                    

သားအဖနှစ်ယောက်ကားခေါင်းခန်းထဲမှာအသံတွေဆာနေတာဘဲ ။

ကားထဲ FM ဖွင့်ပြီးသောင်းကျန်းနေပေမယ့်လဲ မဟာထူးလွင်တစ်ယောက်မျက်နှာကြီးဖြီးလို့​ ကားမောင်းရင်းတောင်တစ်စိမ့်စိမ့်နဲ့လှည့်ကြည့်သေးချေ၏ ။

" ငယ် ငယ် အဲ့သီချင်းမကျော်နဲ့ ထားလိုက် "

FM ကလွှင့်တဲ့သီချင်းကိုကျော်ဖို့လက်လှမ်းနေတဲ့နိုင့်ကို လှမ်းတားတော့ နိုင်ကလဲ ခေါင်းလေးငြိမ့်ကာ ကားဘုတ်ပေါ်ကအသီးဘူးကိုလက်လှမ်းလိုက်၏ ။

"ဖေ့သား အာ! "

ကော်ခရင်းနဲ့သစ်တော်သီးတစ်စိတ်ကိုစိုက်ထိုးလို့ သားပါးစပ်နားတေ့ပေးတော့ သားကအလိုက်တသိပင်တမြုံ့မြုံ့ငုံဝါးသည် ။

/ မဖြစ်နိုင်မှန်းသိပါရက်နဲ့ သူ့ကိုပင် ။

ရွှေဘုံမင်းသမီးလေးကိုမှကိုယ်ကလိုချင် ။ /

ထွက်လာတဲ့သံစဥ်နဲ့ ခပ်ငြိမ့်ငြိမ့်လိုက်ဆိုနေတဲ့မဟာ့ဘက်ကိုမျက်လုံးဆွေကြည့်တော့ သူကနိုင့်ကိုပြန်ကြည့်ကာပြုံးစိစိဖြင့် ။

ဘာတွေသဘောကျနေလဲတော့ ကိုယ်မပြောတတ်ပါချေ ။

/ ဖွင့်ကာပြောမိပြန်လဲကိုယ့်အပေါ်တွင် ။

သူစိတ်ဆိုးမုန်းသွားမှာလဲ ကိုယ်ကမလိုချင် ။

အစမှာတို့နှစ်ယောက်မတွေ့ကြရင်အကောင်းသားပေါ့ထင် ။

ကိုယ့်မှာသူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင် ။ /

တဖြေးဖြေးနဲ့မဟာထူးလွင်တစ်ယောက်က ရိသဲ့သဲ့တွေလုပ်လာတော့သည် ။

မျက်စိတစ်ဖက်မှိတ်ပြလိုက် ၊ မျက်ခုံးကလေးပင့်ပြလိုက်နဲ့ သီချင်းတစ်ပုဒ်ကလဲအလိုက်သင့်ဆိုတော့ ဟုတ်နေတာပင် ။

နိုင့်မှာလဲ မဟာ့ဘက်ကိုငဲ့ကြည့်ငဲ့ကြည့်နှင့် ။
ဒါသူ့ကိုကြည့်ပြီး ဆိုနေတာဆိုတော့လေ အနည်းငယ်တော့ရယ်ချင်မိ၏ ။

/ မျက်နှာလှလှသူ့ကိုတွေ့မှစိတ်ပျော်ရွှင် ။

မမြင်ပြန်လဲအသဲထဲမှာတစ်မျိုး ခံစားသလိုပင် ။

မဏ္ဍိုင်Where stories live. Discover now