အပိုင်း ၂၁

23.8K 2.3K 85
                                    

Unicode

မောင့်ရင်ဘတ်ကြီးပေါ်သူခေါင်းတင်လို့ လက်တစ်ဖက်ကိုဝမ်းဗိုက်ပေါ်တင်ထားတာဖြစ်သည် ။

အညိုရောင်စောင်ပါးလေးတစ်ထည်သာလွှားထားပြီး မဟာကပိုပိုသာသာခြေထောက်ပင်လွတ်နေလေသည် ။ နိုင်က​တော့ကွေးကွေးလေး ။

နိုးနေပြီမို့ လက်တွေကဝမ်းဗိုက်ကြွက်သားတွေကိုအဝိုင်းလိုပွတ်ဆွဲနေတော့ မဟာကနိုးလာဟန်တူ၏ ။ အင်းအဲလုပ်ကာသူ့ဆံနွယ်တွေကိုထိုးဖွလာသည် ။

" မောင့်ကျလဲထွားလိုက်တာလွန်ရော "

" အဟင်း! "

သူပြောတာကိုသဘောတကျနဲ့ဟက်ခနဲရယ်တဲ့မဟာ့ကြောင့်နိုင်ကလဲပြုံးမိသည် ။ ဘယ်လိုနေနေ ငါကမောင့်ရဲ့ထွေးပွေ့ခြင်းဘဲခံမှာ ၊ ငါကတော့မောင့်ကိုထွေးပွေ့မှာမဟုတ်ဘူး ၊ မောင့်နာကျင်ခြင်းတွေငါမခံစားနိုင်ပါ ။

ပါးပြင်အပ်ထားတဲ့ရင်အုပ်ကျယ်ပေါ်ကအမာရွတ်ကိုခပ်ဖွဖွနမ်းပြီးမဟာ့ကိုမော့ကြည့်သူ့ကိုမဟာကပြန်ကြည့်နေလေသည် ။

ဘာလဲ heart ထိသွားတာလား ။
အမာရွတ်လေးနမ်းပြလိုက်ရုံနဲ့လေ ။

" ဘယ်အထိဆက်ချစ်မလဲ "

သူမေးတော့မဟာကတွေဝေခြင်းမရှိ ။ ကြည့်ရတာဒီမေးခွန်းအတွက်ပြင်ဆင်ပြီးသားထင်ပါသည် ။

" သံသရာဆုံးတဲ့ အထိ "

ငါလဲသံသရာဆုံးတဲ့အထိမင်းနားကပ်တွယ်နေတော့မှာ ။ အလျော့မပေးတော့ဘူး မောင် ။ ကပ်ပါးလိုအရာတွေမင်းအနားကဖယ်ထုတ်ဖို့ငါကမင်းအနားရှိနေပေးမှာ ။

မနက်ခင်းဟာနွေးထွေးမှုတွေအပြည့်နဲ့စတင်ခဲ့ပါပြီ ။ သူတို့နှစ်ယောက်အောက်ကိုဆင်းလာတော့ မေမေက ပန်းအိုးတွေရေလှယ်လို့ ဖေဖေနဲ့သားကတော့ဆိုဖာပေါ်မှာ ဖြစ်ချင်တိုင်းဖြစ်နေသည် ။

" ပေ့! ပေ့! "

သားကသူ့ကိုမြင်တော့မျက်လုံးတွေကိုလဲ့လို့ လက်လေးဆန့်ပြီးအခေါ်ခိုင်းသည် ။ သားကိုကောက်ပွေ့လို့နှုတ်ခမ်းတွေနဲ့ပွတ်ဆွဲနမ်းတော့သားကတခတ်ခတ်ကိုပင်ရယ်၏ ။ နောက်ပြီးသူကနိုင့်မျက်နှာကိုလက်ဝါးသေးသေးလေးနဲ့အုပ်ကိုင်လို့ တစ်ဖျတ်ဖျတ်ပင်ပြန်နမ်းလေသည် ။

မဏ္ဍိုင်Where stories live. Discover now