အပိုင်း ၈

31.9K 3K 59
                                    

နိုင်ကသားကိုတရိပ်ရိပ်ကြည့်လို့နေတယ် ။
မျက်နှာလေးနွမ်းကာအားနာစိတ်တွေနဲ့ဖြစ်သည် ။ တစ်ဆက်ထဲမှာဘဲသူ့မျက်စောင်းက စားပွဲဘေးမှာလက်ပိုက်ထိုင်နေတဲ့မဟာထူးလွင်ဆီသို့ဒိုင်းခနဲ ။

သူသာခေါ်မလာဘူးဆိုရင်သားဖျားစရာအကြောင်းအရင်းမှမရှိဘဲကို ။

ကျစ်!

ကျစ်တစ်ချက်သပ်လို့သူဆံပင်တွေကိုထိုးဖွကာ ခါယမ်းပစ်လိုက်သည် ။ သားနေမကောင်းဖြစ်နေတယ်ဆိုတဲ့အသိကသူ့ရင်ကိုတမြေ့မြေ့နဲ့လှိုက်စားလေသည် ။

ဒါဒုတိယအကြိမ်မြောက်ဖျားတာဖြစ်တယ် ။
ပထမအကြိမ်တုန်းကဆိုသားစိတ်ကြောင့်သူ့မှာဘာလုပ်လို့ဘာကိုင်ရမယ်ကိုမသိဘူး ။ ကိုဇေယျာကိုခေါ်လို့အကူအညီတောင်းတော့မှသူအဆင်ပြေခဲ့ရတာ ။ သားနဲ့ပတ်သပ်ရင်သူ့စိတ်ကအဲ့ဒီလိုကိုနုသည် ။

" ငယ် သားကိုရေဝတ်ထပ်တိုက်တော့မလား "

နာရီကြည့်တော့သုံးနာရီ တစ်ညလုံးသူတို့နှစ်ယောက်မအိပ်ဘဲသူကတော့သားအနားကပ်နေတာဖြစ်ပြီးမဟာကတော့သူ့အပြစ်သူသိလို့ ချောင်လေးမှာ ။

သူခပ်စွေစွေစောင်းကြည့်တော့ သူဘာမှားသွားလဲဆိုတဲ့ပုံစံနဲ့ပြန်ကာကြည့်လို့ ။

" မင်းကစိတ်ချလို့မရတဲ့ကောင်ဘဲ ၊ တစ်ကယ်ဆိုမင်းကိုယုံကြည်ပြီးငါအပြင်မထွက်ခဲ့ရင်ကောင်းသား "

သူ့ကိုမယုံကြည်ဘူးဆိုသည့်ပုံစံမျိုးပြောလာတဲ့နိုင့်ကိုကြည့်လို့မဟာ့ဒေါသကထောင်းခနဲ ။

နိုင်ကဘာကြောင့်များသူနဲ့ပတ်သပ်ရင်အယုံအကြည်နဲရတာလဲ ။ အပြည့်အဝယုံပါလို့မပြောချင်ပေမယ့် သူ့မှာနိုင်နဲ့ပတ်သပ်ရင်စေတနာအမှားတွေဘဲရှိပါသည် ။

" ငယ် မောင့်ကိုအသုံးမကျတဲ့ကောင်လိုမပြောစမ်းနဲ့ "

" မင်းဘယ်နားမှာအသုံးကျခဲ့လဲ ဟမ်! ၊
သားအတွက်တောင်မင်းကအားကိုးပြုလို့မရဘူးမဟုတ်လား ၊ ငါပြောတာတွေဘယ်နားမှားနေလို့လဲ စောက်သုံးမကျတဲ့ကောင် စိတ်ဓာတ်ကိုကဖောက်ပြန်ဖို့ဘဲအာရုံရှိတဲ့ကောင် "

မဏ္ဍိုင်Where stories live. Discover now