၃၇

15.9K 2K 160
                                    

ဒီမနက်နိုးထဲကစိတ်ထဲလုံးဝကိုရှုပ်ထွေးနေသည် ။ မနက်စာလဲစားချင်စိတ်မရှိလို့မစားဖြစ် ၊ သောက်နေကျနွားနို့ကိုမြင်တာနဲ့တင်မသတီချင်တော့ဘူးဖြစ်သည် ။

ငပျင်းပေါက်တစ်ကောင်ကိုတော့ အသက်ကသာ၃နှစ် KG တစ်ပါတ်ပို့ပြီးမသွားတော့ပါဘူးဆိုလို့ သူ့ဖအေဖြစ်သူကလဲမလွှတ်​တော့ဘူး အိမ်​ခေါ်သင်မယ်တော့လုပ်နေတာဘဲခုထိတော့ မှိုလုံးတစ်လုံးကတော့ ပတ်မွှေဆဲ ။ ခြံထဲမှာအရင်လိုတော့အစောင့်အများကြီးမရှိတော့ ရှိတဲ့ထဲကတစ်ယောက်ကလဲမှိုလုံးခြံထဲဆင်းလာရင် မျက်နှာကပျက်လို့ သူ့ဒုက္ခဘယ်လောက်တောင်ခံထားရလဲမသိဘူး ။

ဒီနေ့ကျသားကမနက်ထဲကသူ့အနားဘဲကပ်နေတာ ဖအေမျက်နှာမကြည်တော့ကပ်ယုံကပ်ပြီးဘာမှတော့မပူဆာဘူး ။

ဆိုဖာကနေ TV remote ကိုကျစ်အောင်ဖက်ထားရင်းကိုယ့်မျက်နှာလှည့်လှည့်ကြည့်တာမို့ဒီကောင်လေး ပြောချင်တာတစ်ခုခုရှိနေလိမ့်မည် ။

" ဖေ့ဆီလာ သား "

သူခေါ်တော့သားက remote ကိုဘေးမှာချပြီးလိမ့်နေအောင်ပြေးချလာသည် ။ ပြီးနောက်ပေါင်ပေါ်ကိုကုတ်ဖက်တက်လာ၏ ။

သားကိုပေါင်ပေါ်ပွေ့ထားရင်းပါးကိုရွှတ်ခနဲနမ်းတော့သားကမျက်ရည်လေးတွေအိဝိုင်းလို့ နှုတ်ခမ်းလေးမဲ့ကာ အောက်နှုတ်ခမ်းလေးကတဆတ်ဆတ်တုန်ယင်နေရှာသည် ။

အားကိုးတကြီးနှင့်လည်တိုင်ကိုသာတွယ်ဖက်ထားလေ၏ ။

" ဘာဖြစ်လို့လဲဖေ့ကိုပြော ငါ့သား မငိုရဘူး "
" ဒယ့်ဒီကို ထူးရွမ်း အီးဟီး!! "

ရင်ဘတ်ထဲခေါင်းတိုးဝင်လာပြီးတဟီးဟီးကိုငိုနေတာမို့သားအရမ်းဝမ်းနည်းနေမှန်းသူသိသည် ။ သုံးရက်ကျော်သွားတဲ့အပြင် ဖအေမျက်နှာတစ်ခါမှမမြင်လိုက်ရတော့လွမ်းနေတာဖြစ်သင့်ပါတယ် ။

" မင်းဒယ်ဒီကလူဆိုး ငါတို့သားအဖကိုပစ်ထားတာ ငါ့ကိုမဟုတ်တောင်ငါ့သားမျက်နှာကိုမကြည့်တဲ့ကောင် "

" ဖေ့ရဲ့! အင့်ဟင့်ဟင့်! ထူးရွမ်းရို့ အီးဟီး! ဖေလူချိုးရဲ့ "

" မငိုရဘူးတိတ်တော့ မင်းဖအေကိုလာခေါ်ခိုင်းမယ် "

မျက်ရည်တွေကိုသုတ်ပေးတော့ တအင့်အင့်ရှိုက်ရင်းအောက်နှုတ်ခမ်းကတုန်နေသေးသည် ။ မဲ့ရွဲ့နေတာဘဲ ။

မဏ္ဍိုင်Where stories live. Discover now