Extra

17.2K 1.2K 47
                                    

[Unicode]

" ဘေဘီမပြေးနဲ့ နိုင်သားကိုလက်ဆွဲထား "

အထုတ်ကြီးအထုတ်ငယ်ပိုက်ထားရင်းကနေမဟာကနိုင်နဲ့သားကိုလှမ်းအော်သည်။ အငယ်လေးနှစ်ကောင်ကကားထဲမှာကျန်ခဲ့တုန်းပဲ။ သိပ်အားကိုးရတဲ့အမျိုးသားကအငယ်လေးနှစ်ယောက်ထဲကတစ်ယောက်ကိုတောင်ခေါ်မသွားခဲ့။ သီတင်းကျွတ်ကန်တော့ဖို့ပစ္စည်းတွေအပြင်အငယ်လေးနှစ်​ယောက်ကိုသူရှေ့နောက်လွယ်ရသေးသည်။ ကလေးတွေကိုမာမီတို့ဆီမှာ တစ်ညလာသိပ်တာမို့လို့ပစ္စည်းပစ္စယာကအစုံ။

သူဧည့်ခန်းထဲရောက်တော့ သားကသူ့ဘိုးအေပေါင်ပေါ်မှာအခန့်သားတက်ထိုင်နေချေပြီး တဖျတ်ဖျတ်မော့နမ်းနေသည်။ မာမီကတော့မဟာ့နောက်ကအငယ်လေးကိုလာပွေ့ချီလေ၏။ နိုင်ကဆိုဖာမှာထိုင်နေရင်းကနေမှလက်ဆန့်တန်းရင်းကလေးကိုတောင်းပြန်၏။ ဒါတောင်ပါးစပ်ထဲမှာအသီးတွေဝါးနေသေးတာကတမြုံ့မြုံ့။

ဝယ်လာတဲ့branded နဲ့ပစ္စည်းတွေကိုစားပွဲခုံပေါ်တင်တော့ဖေဖေကကြိုက်ပုံမရ။ မျက်မှောင်ကြီးကျုံ့ကာတစ်ခုချင်းဆီကိုလိုက်ကြည့်သည်။ တကယ့်တကယ်စဥ်းစားကြည့်တော့ ဖေဖေနဲ့စကားဟုတ်တိပတ်တိမပြောဖူးသေးပါချေ။ ဖေဖေကပ်စေးနှဲတာကိုတော့သူသိသည်။ အဲ့တာကြောင့်လည်းခုပစ္စည်းတွေဝယ်လာတာကိုမကြိုက်တဲ့ဟန်နဲ့ကြည့်နေတာ။

" ခြံထဲကမှာခုံချပြီးရင်ကျုပ်မြေးတွေနဲ့အကင်တွေစားမယ်နော် စားမလားထူး "

" ချားမယ် ဖွား ထူးချားမှာနော် "

အတတ်ပတတ်ကစကားတွေမြိုင်အောင်ပြောတတ်နေချေပြီ။ သွားကကျိုးနေလို့ကောပီအောင်ပြောဖို့ပျင်းတာကောနဲ့ စကားကအခုထိမပီသလိုပင်။ ဖေဖေ့ပေါင်ပေါ်ကသားကိုဆွဲချလို့ကြမ်းခင်းပေါ်သေချာထိုင်စေတော့ ဆောင့်ကြောင့်လေးထိုင်ရှာသည်။ ဖင်ကလျှောနေရှာတော့ ဖင်ကြားလေးကိုပါလှမ်းမြင်​နေရချေ၏။

သမီးကိုပွေ့ထားရင်းကနေနိုင်ကခုံအောက်ကိုဆင်းထိုင်သည်။ သားငယ်ကသူ့ဖွားအေလက်ထဲမှာ နောက်တော့သူတို့မိသားစုသေချာကန်တော့ဖြစ်ကြ၏။ မာမီကဆုတွေသေချာပေးသည်။ ပေးတဲ့ဆုနဲ့ပြည့်ဖို့သြဝါဒနာခံရင်းနဲ့ပဲကန်တော့ခန်းတိုင်သည်။ နောက်တော့ ခြံထဲစောစောစီးစီးဆင်းပြီးစားစရာရှိတာကိုစားဖြစ်ခဲ့၏။

မဏ္ဍိုင်Where stories live. Discover now